Skip to main content

Sep 17, 2024

နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ အေလာတိဏ္ဏဘုရားဘုန်းတော်ကြီးကျောင်း၊ ပျံချီကျေးရွာ သီရိပျံချီဘုန်းတော်ကြီးကျောင်းနှင့် တောင်စဥ်အေးရွာဘုန်းတော်ကြီးကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများ၊ မုန့်များနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ကမ္ဘောဇဘဏ်လီမိတက်က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်သင့် နေရာဒေသများအတွက် ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၁ဝ၀၀ ဖြင့် ကျပ်ငွေ ၁၀ ဘီလီယံ လှူဒါန်းရန်ခွင့်ပြုထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ်၏အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးအန္တရာယ်ကြုံတွေ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် မာကာဟိုခမ်းရပ်ကွက်၊ အားကစားရုံနှင့် အောင်မြတ်ခန်းမတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင်းဘူတာအထိ မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်းဘူတာအကြား မိုင်တိုင် (၃၃၃/၁) ၌ အစုန်လမ်းတံတားအမှတ် (၆၉၁)၏ ပေ ၄၀ သံပေါင်ခုနစ်ခု အနက်လေးခု ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံနှစ်ဖက်ရှိ သံပေါင်များသာ ကျန်ရှိသည့် အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် စက်ယန္တရားများ အသုံးပြု၍ တံတားအား အမြန်ဆုံးပြန်လည်စစ်ဆေး ပြုပြင်နိုင်ရေး မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးထံသို့ အလှူငွေကျပ် သိန်း ၃၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) သို့ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ပေးပို့မည့် ဆေးရုံသုံးခုတင်များ စနစ်တကျထုပ်ပိုးပြီးစီးမှုနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွာသာကြီးပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ် (MKCF) အရ မဲခေါင်ရုပ်ရှင်ပွဲတော် (၂၀၂၄) (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မှတ်တမ်းရုပ်ရှင်လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel, Pyay Conference Room ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

မန္တလေးတိုင်း ဒေသကြီးတောင်သာမြို့နယ် ပြဿဒ်ကြီးရွာဘုရားကြီးကျောင်းကို တပ်မတော်ကလေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘော်ဘင်ရေလှောင်တမံ ရေပြည့်လျှံ၍ ဆည်ရေဖောက်ချမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေသည်ဟု မဟုတ်မမှန်သတင်းများအား တရားမဝင်ပြည်ဖျက်ပြည်ဖျက်မီဒီယာ Tharyarwaddy 8 City က ရေးသားထုတ်ဝေလျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများမြင့်တက်ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန်လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်သည် စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ သာစည်-ရွှေညောင်နှင့် ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-တောင်ကြီး ရထားလမ်းပိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ဘူတာနေရာများ၊ ယာဒ်ဝင်းများ၊ ရထားလမ်းတာပေါင်များနှင့် ရထာလမ်းတံတားနေရာများ၏ အခြေအနေကိုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရာဂီတိုင်ဖွန်း မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့သွားရောက်၍ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ပြည်စံအောင်မှ စစ်မှုထမ်းမြို့ကွက်သစ်ကို ဆက်သွယ်သော ဥယျာဉ်ဆင်သေချောင်းကူး တံတားချဉ်းကပ်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာကျေးရွာသို့ ဆက်သွယ်ထားသည့် လေသာ-ဇီးကုန်းတံတား ချဉ်းကပ်လမ်းများပျက်စီးနေမှုနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပမည့် သတ္တမအကြိမ်ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်