Jun 28, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။
Jun 28, 2024
ဇွန်လ ၂၆ ရက်နေ့ ၁၂:၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာရှိ သန်းဦး(ခ)မောင်ကျော်ပိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၃:၃၀ အချိန် တစ်ရွာတည်းနေသူများဖြစ်သည့် စောမြင့်အေး(ခ)ယောက်ချို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၉၄ ပြားအားလည်းကောင်း၊ ၁၄:၃၀ အချိန် မနန်းမြင့်မြင့်ခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားအား လည်းကောင်း၊ ၁၈:၀၀ အချိန် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာအုပ်စု၊ ကော့ထမ္မလိန်းကျေးရွာရှိ မနန်းဝင်းခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀၀၀၀ ပြားအားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် သန်းဦး(ခ)မောင်ကျော်ပိုင် (၄၅)နှစ်၊ စောမြင့်အေး(ခ)ယောက်ချို(၅၂)နှစ်၊ မနန်းမြင့်မြင့်ခင်(၅၄)နှစ်နှင့် မနန်းဝင်းခင်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Jun 28, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 28, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jun 28, 2024
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် ရုံးသုံးစက်ကိရိယာပစ္စည်း (၇) မျိုးဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၂-၆-၂ဝ၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံးတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်။
Jun 28, 2024
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jun 28, 2024
မြန်မာအမျိုးသမီးများနေ့(၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၃)ရက်)
Jun 28, 2024
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများဖော်ပြထားပါသည်။
Jun 28, 2024
ဈေးအရောင်းအဝယ် စင်တာများတွင် လွန်ခဲ့သော ရက် အနည်းငယ်က ခေတ္တအရောင်းဆိုင်းငံ့ထားခဲ့သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းစသည့် ဆန်အိတ်အသေး (Consumer Pack) များကို ယနေ့တွင် ပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချရေး အစီအမံများနှင့်အညီ ဈေးနှုန်းများကို ပြန်လည်သတ်မှတ်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
Jun 28, 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များတက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
Jun 28, 2024
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် အများပြည်သူ အလွယ်တကူကွဲပြားခြားနားစွာ သိရှိဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းပြီး ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီများအနက်မှ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် ရိုးရိုးဒီဇယ်ဆီ(500ppm)ကို အပြာရောင်ဖြင့် လာမည့်ဇူလိုင်လဆန်းပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Jun 28, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 28, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
Jun 28, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ လေအေးပေးစက်ဆိုင်ရာပညာရှင်များအသင်းနှင့် အအေးပေးဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Jun 28, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် နေပြည်တော်ကောင်စီရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ဆေးဝါးကုသပေးမှု၊ ဓာတ်ခွဲစစ်ဆေးပေးမှုနှင့် နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
Jun 28, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ)စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမ၌ကျင်းရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Jun 28, 2024
မန္တလေးတိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်ရှိ PEP နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ထွန်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 28, 2024
၁။ မြန်မာနိုင်ငံဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားရှိသည့် လမ်းညွှန်မှုများနှင့်အညီ စည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများအပြား သေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း ဘဏ်များသည် Regulatory Authority ဖြစ်သည့် ဗဟိုဘဏ်မှချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
Jun 28, 2024
ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ရုံးအထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ဇွန် ၂၄ ရက်မှ ၂၇ ရက် အထိ ထိုင်းနိုင်ငံအထက်လွှတ်တော်ရွေးချယ်ပွဲ (Thai Senate Selection) လေ့လာစောင့်ကြည့်ရေး အစီအစဉ်သို့သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦးတို့သည် ယနေ့ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Jun 28, 2024
မွန်ပြည်နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
