Apr 04, 2024
၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက် ၁၀ နာရီ ၃၀ မိနစ်တွင် နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါဒရုန်းများကို အောင်မြင်စွာ ပစ်ချဖျက်ဆီးခဲ့သည်။
Apr 04, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူအဖြစ် ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်ရန် လိုအပ်လျက်ရှိသည့် ရွှေစင်ရွှေပြား တစ်ချပ်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ရွှေစင်ရွှေပြား ခုနစ်ချပ်နှင့် နဝကမ္မအလှူတော် ငွေကျပ် ခုနစ်သိန်း၊ လှူဒါန်းမှု စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈၂၀၀၀၀၀ ကို ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဂေါပကအဖွဲ့ထံသို့ ယနေ့သွား ရောက်လှူဒါန်းသည်။
Apr 04, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဖြည့်စွက်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့သည်။
Apr 04, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာ မျှဝေခြင်းအစီအစဉ် Knowledge Sharing Program အရ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များနှင့် ပြည်တွင်း ဥပဒေများ (International Human Rights Treaties And Domestic Laws)” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံး Conference Room ၌ ကျင်းပသည်။
Apr 04, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ
Apr 04, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေထုတ်ပြန်
Apr 04, 2024
မြို့နယ်များ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေး
Apr 04, 2024
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများမှ ကျောင်းသား ကျောင်းသူ ၉၂ ဦးတို့သည် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ဦးဆောင်၍ သင်တန်းရေးရာဌာနမှဌာနမှူးနှင့် မော်ကွန်းထိန်း၊ အထူးပြု ဘာသာရပ်ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့ လေ့လာရေးခရီး ရောက်ရှိရာ အသင်းချုပ်မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
Apr 04, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Apr 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာမျိုးများ ရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Apr 04, 2024
နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Apr 04, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 04, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Apr 04, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 04, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၇ ဌာန တို့၌ သတ္တမနေ့အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ကို စာဖြေဌာန ၂၁၆ ဌာနတို့၌ ပထမနေ့အဖြစ်လည်းကောင်း ဖြေဆိုကြသည်။
Apr 04, 2024
ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ Hybrid အစီအစဉ်ဖြင့် ကျင်းပသည်။
Apr 04, 2024
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပသည်။
Apr 04, 2024
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 04, 2024
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကက် ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပသည်။
Apr 04, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဦးမြင့်ဌေး၏ ခန့်အပ်လွှာကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ၍ ၎င်းအား အသိအမှတ်ပြု စာချွန်လွှာပြန်လည်ပေးအပ်သည်။
