Feb 06, 2024
မြန်မာတို့၏ ဆိုရိုးစကားတွင် “အရေးကြီးလျှင် သွေးစည်း၊ အရေးကြုံလျှင် သွေးဆုံ”ဟူ၍ ဆိုကြသည်။ အကြောင်းရှိလျှင် ပေါင်းစည်းမှု မိသားစုစိတ်ဓာတ် ဖြစ်ပေါ်လာသကဲ့သို့ စည်းလုံးညီညွတ်မှုနှင့် မိသားစုစိတ်ဓာတ်ပေါ်ပေါက်လာလေ့ရှိသည်။ အလားတူ နိုင်ငံ့အရေးအရာကိစ္စများ ဖြစ်ပေါ်လျှင်လည်း စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်များမှာ မနှိုးဆော်ဘဲ ဖြစ်ပေါ်လာလေ့ရှိသည်။ ဤသည်မှာ သွေးကစကားပြောလာသည့် အရေးကိစ္စဖြစ်သည်။
Feb 06, 2024
(၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Feb 06, 2024
မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေသည် နိုင်ငံရေးပြဿနာများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ တားဆီးပိတ်ဆို့မှုများစသည့် အခက်အခဲ၊ အကျပ်အတည်းများကြားမှပင် တိုးတက်နေပါသည်ဟု ပြော၍ရသည့်အခြေအနေတစ်ရပ်တွင် ရှိနေသည်။ အကယ်၍သာ အဆိုပါအခက်အခဲများမရှိပါက ယခုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည်ဖြစ်ရာ လက်ရှိနိုင်ငံ၏ စီးပွားရေးသည် ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထားသို့ မရောက်ရှိသေး။
Feb 05, 2024
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့တွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 05, 2024
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Feb 05, 2024
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများကို အခြေခံစစ်ပညာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများဖြင့် လေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။
Feb 05, 2024
ဒီးမော့ဆိုမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြုပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
Feb 05, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 05, 2024
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
Feb 05, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ပြန်လည်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 05, 2024
Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ရှိ ညီလာခံခန်းမ၌ ကျင်းပသည်။
Feb 05, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၈-၁-၂၀၂၄) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၄-၂-၂၀၂၄) ရက် နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၁၃၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၄၃)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Feb 05, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
Feb 05, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ရုံးချုပ်တို့မှ ဒုတိယညွှန်ကြားရေးမှူးအဆင့် မြို့ပြအင်ဂျင်နီယာအရာထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ရုံးချုပ်တို့မှ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
Feb 05, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။
Feb 05, 2024
ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးစိုက်ပျိုးပြုစုပျိုးထောင်ခြင်း၊ မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက် လက်တွေ့ပြုလုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန ရေဆင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
Feb 05, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
Feb 05, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
