Skip to main content

Dec 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်မှစတင်၍‌ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တိုက်ကြီးမြို့နယ် ရပ်/ကျေး ၄၈ ခုမှ ပြည်သူ ၅၁၈ ဦး၊ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်ကိုးခုမှ ပြည်သူ ၄၉၀၊ ကော့မှူးမြို့နယ် ရပ်/ကျေး ၂၃ ခုမှ ပြည်သူ ၆၄၀၊ စမ်းချောင်းမြို့နယ် ရပ်ကွက် ၁၀ ခုမှ ပြည်သူ ၄၆၁ ဦး စုစုပေါင်းပြည်သူ ၂၁၀၉ ဦးတက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ရှိ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ သင်ကြား/သင်ယူမှုများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရစသည့် မြို့နယ်(၇)မြို့နယ်မှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်း (One Stop Service) ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဦးလွင်ဦး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈)တို့မှ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ကျောင်းဆင်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)ရှိ အထူးကုသမှုစင်တာသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

နတ်တော်လသည် စာဆိုတော်လဖြစ်သည်။ စာဆိုတော်များကို အလေးအမြတ်ပြု၍ စာဆိုသဘင်၊ စာဆိုဆုနှင်း၊ စာဆိုတော်ပူဇော်၊ စာဆိုတော်ဂုဏ်ပြုချီးမြှင့်စသည်ဖြင့် စာပေနှင့်ပတ်သက်၍ ထူးထူးကဲကဲဆောင်ရွက်ကြသော မွန်မြတ်သည့်ကာလဖြစ်သည်။ စာပေသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော သုတ္တန်၊ ဒေသနာတရားမြတ်တို့မှ ဆင်းသက်ပေါက်ဖွားလာသော အမြုတေရတနာဖြစ်သည်။ ထို့ကြောင့် စာပေနှင့်စပ်လျဉ်း၍ ချီးကျူးဖွဲ့ဆိုရာ၌ ဓမ္မစာပေကို ဦးစွာဦးခိုက် အလေးအမြတ်ပြုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

သတင်းဟုဆိုသည်နှင့် မှန်ကန်တိကျရမည်၊ ဘက်မလိုက်ဘဲ မျှတရမည်ဟူသည့် အခြေခံကျင့်ဝတ်တို့ကို မီဒီယာအဖွဲ့အစည်းတိုင်းက အနိမ့်ဆုံးအားဖြင့် စောင့်ထိန်းကြရသည်။ အကယ်၍ မှန်ကန်မှုမရှိ၊ လွဲမှားနေသောအချက်အလက်များကို ဖော်ပြ၊ ထုတ်လွှင့်မိပါကလည်း အနီးဆုံးအချိန်တွင် ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးကြရသည်။ သတင်းဆိုသည်မှာ မီဒီယာတို့က ထုတ်ပြန်လိုက်ပြီးသည်နှင့် လူထုအတွင်းပျံ့နှံ့ရိုက်ခတ်မှုတို့ ဖြစ်ပေါ်စမြဲဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မီဒီယာတိုင်းက မိမိတို့သတင်းကြောင့် လူ့အဖွဲ့အစည်း၏ကောင်းကျိုးကို မဆောင်ကြဉ်းနိုင်သည့်တိုင် လူ့အဖွဲ့အစည်းထိခိုက်မှုမရှိစေရန်၊ ပျက်စီးရာ ပျက်စီးကြောင်းမဖြစ်စေရန် သတိကြီးစွာဖြင့် ဆောင်ရွက်ကြရမြဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက်နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုအား အကြမ်းဖက်သမားများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား ၈ ဦး ကျဆုံးခဲ့ကြောင်း Myaelatt Athan က သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူစက်သုံးဆီဆိုင်မန်နေဂျာကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများအား ထောက်ခံသည့် စာသားများရေးသားသည်ဟု အကြောင်းပြ၍ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၄၀ တောင်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်ယာဉ်တန်းအား KNLA နဲ့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ သပြေနီကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Than Lwin Times က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်