Dec 26, 2023
မသမာသူများက သတင်းအချက်အလက်များကို ခိုးယူရန်ရည်ရွယ်၍ ပေးပို့နေသော အီးမေးလ် (Phishing Mail) များနှင့်ပတ်သက်၍ သတိပေးချက်တစ်ရပ်ကို မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (MMCERT) က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားသည်။
Dec 26, 2023
မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုသည် ယဉ်သည်၊ လှသည်၊ ရိုးရှင်းသည်၊ ကျက်သရေရှိ၍ ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများတွင်လည်း သူတို့ဓလေ့ယဉ်ကျေးမှုများနှင့် ကိုယ်ပိုင်ဝတ်စား ဆင်ယင်မှုရှိကြသည်။
Dec 26, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော် နေပြည်တော်တွင် “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး”ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က သဒ္ဓါထက်သန်စွာဖြင့် စုပေါင်းပါဝင်လှူဒါန်းပူဇော် တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်မြတ်ကြီး၏ ဖောင်းရစ်သုံးခုအနက် တတိယဖောင်းရစ်နှင့် ဒုတိယဖောင်းရစ်အား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ပါသည်။
Dec 26, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်မှ စီးပွားရေးဦးတည်ချက် သုံးရပ်အနက် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ဟူ၍ မူဝါဒအနေဖြင့် ထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့မှ “ရွှေယာမြေပဲဆီသန့်” ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Dec 26, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 26, 2023
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Dec 26, 2023
PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရ အရေးယူခံရနိုင်သည်
Dec 26, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ ဒီဇင်ဘာ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Fire Resistant Filing Cabinet ခြောက်လုံးအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၀၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် IK PLUS A4 စက္ကူ ကီလိုဂရမ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Tractor Head တစ်စီး နှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၁၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 26, 2023
၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက်ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက်အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန် သတ်မှတ်ထားပါသည်။
Dec 26, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဒီဇင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် City Park အားကစားကွင်း၌ ကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပွဲသို့ တက်ရောက်အားပေးပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲတို့တွင် အနိုင်ရရှိသည့်အသင်းများအား ဆုများပေးအပ်ချီးမြှင့်သည်။
Dec 26, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Dec 26, 2023
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်တွင် TOYOTA HIACE ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၈ ကီလိုကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် ၈၉ လမ်း၊ ၁၂ x ၁၄ လမ်းကြားရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မနန်းသောရီ(ခ)နန်းစောရီကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၅ ဒသမ ၅ ကီလိုကိုလည်းကောင်း။
Dec 26, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၌ ဒီဇင်ဘာ၂၄ ရက် နံနက် ၉ နာရီ မိနစ်၂၀ ခန့်က ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာအနီးရှိ ဘိန်းခင်းခုနစ်ဧကခန့်ကို ဖျက်ဆီးခဲ့ကြောင်း။
Dec 26, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
Dec 26, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၇-၁၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၉၈၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Dec 26, 2023
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲအား နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံ တို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသောနေရာများတွင် ယှဉ်ပြိုင်ကစားကြသည်။
Dec 26, 2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သီတဂူဇီဝိတစက္ခုဒါနဆေးရုံတော်၌ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနှင့် ဘုတ်ပြင်းမြို့တို့မှ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများကို မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Dec 26, 2023
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ဆောင်ရွက်သည့် အခြေခံသမဝါယမအသင်း ၁၃ သင်းမှ စိုက်ဧက ၄၄၂၉ ဧကတွင် ဆင်းဧကရီ-၃ စပါးမျိုးအား စိုက်ပျိုးထားရှိသည်။
Dec 26, 2023
Good News Church (Mandalay) က ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ Good News Church (Mandalay) မှ သိက္ခာတော်ရဆရာတော် ဦးခွန်ထူးနှင့် တာဝန်ရှိသူများ၊ အသင်းသူ အသင်းသားများ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 26, 2023
ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ပွဲတော်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ ခရစ်ယာန်အသင်းတော်များ၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်၊ ဓမ္မဆရာများ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
