Skip to main content

Dec 26, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ဝမ်ပုံရွာအနီးရှိ ဝမ်ပုံမြေသားတမံပြုပြင်ခြင်း လုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေမျှတစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးသည့်သီးနှံပုံစံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးသွင်းပြီး ရေချိုအရင်းအမြစ်များ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ ဒေသ၏လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Studio-A တွင် ရန်ကုန်အခြေပြု ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့်လုပ်ငန်းတို့မှ ဝန်ထမ်းများအားတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

ယနေ့အခါသမယသည် ခရစ်ယာန်ဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသောခရစ္စမတ်ကာလဖြစ်သည်။ ကမ္ဘာတစ်ဝန်း ပြည်သူပြည်သားအပေါင်းတို့အနေဖြင့် နှစ်သစ်ကူးပြောင်းတော့မည့် မင်္ဂလာရှိသော အချိန်အခါသမယဖြစ်သည်။ ထိုသို့ပျော်ရွှင်ချမ်းမြေ့ပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်ကာလတွင် နိုင်ငံသူနိုင်ငံသားအပေါင်း ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ငြိမ်းချမ်းသာယာဝပြောကြစေကြောင်း မေတ္တာပို့သကောင်းကျိုးဆောင်ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2023

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသော နိုင်ငံတိုင်းသည် ကိုလိုနီဘဝသို့ ကျရောက်ခဲ့ဖူးကြသည်။ သို့သော် ကိုလိုနီဘဝကျရောက်ခဲ့သည့် နိုင်ငံတိုင်းဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည်မဟုတ်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီအင်ပါယာများ တစ်ခုပြီးတစ်ခု ပြိုလဲရာမှ မြန်မာအပါအဝင် နိုင်ငံအမြောက်အမြား လွတ်မြောက်ခဲ့ကြပြီး နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရာတွင် အောင်မြင်သည်လည်းရှိ၊ မအောင်မြင်သည်လည်းရှိခဲ့ကြသည်။ အောင်မြင်ရခြင်း၊ မအောင်မြင်ရခြင်းတို့တွင် အကြောင်းအကျိုး ဆက်စပ်မှုများလည်း ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ခရီးသွားလုပ်ငန်းအထောက်အကူပြု ခရီးစဉ်ဒေသများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့အနီးရှိ အမှတ် (၅) လေ့ကျင့်ရေးတပ်ရှေ့သို့ ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၂၃ ရက်နေ့စတင်ပြီး ယာဉ်လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးကာ ယာဉ်မောင်းလိုင်စင်မရှိသူများအနေဖြင့် ယာဉ်တစ်စီးလျှင်ငွေ ၃၀,၀၀၀ ကျပ် တောင်းခံနေကြောင်း မြို့ခံများထံကသိရသည်ဟု တရားမဝင်အကြမ်းဖက်အားပေး Ayarwaddy Time မှ လူမှုကွန်ရက်စာမျက်မှာများတွင် သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရွှေမုဌောဘုရားအတွက် ရွှေသင်္ကန်းကပ်လှူရန် အလှူခံရရှိထားသည့် ငွေကျပ် သိန်း ၆,၀၀၀ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ် သိမ်းယူခဲ့ကြောင်းနှင့် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မော်တင်စွန်းစေတီတော်မြတ် ရင်ပြင်တော်တိုးချဲ့ရန် ကောက်ခံရရှိထားသည့် အမေရိကန် ဒေါ်လာများအား တစ်ဒေါ်လာလျှင် ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့်လဲလှယ်ခဲ့ကြောင်း တရားမဝင်အကြမ်းဖက်အားပေး Ayarwaddy Time မှ လူမှုကွန်ရက်စာမျက်မှာများတွင် ကောလာဟလ သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်အား တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျောက်စာခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်စာချပ်များပျက်စီးခဲ့ကြောင်း တရားမဝင်အကြမ်းဖက်အားပေး Narinjara မှ လူမှုကွန်ရက်စာမျက်မှာများတွင် သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၃၈ ခု၊ စဉ့်ကိုင်မြို့နယ်တွင် လုပ်ငန်းအခု ၂၀၊ တံတားဦးမြို့နယ်တွင် လုပ်ငန်း ၃၉ ခု ၊ မြစ်သားမြို့နယ်တွင် လုပ်ငန်းခြောက်ခု စုစုပေါင်းလုပ်ငန်း ၁၀၃ ခု လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး တတိယနေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများ အလိုက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ပန်းတောင်း) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသတွင်း MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နည်းပညာလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန်၊ ပုဂံနှင့် ပုပ္ပါးတို့ရှိ သဘာဝခရီးသွား လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုရန်၊ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးကာလတို သင်တန်းများဖွင့်လှစ်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသား ဟောင်းများအသင်းက ကြီးမှူးကျင်းပသည့် ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်း ရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း နာယက ဒေါက်တာကံဇော် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဇနီး ဒေါ်သန်းသန်းနွယ်သည် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

(၇၆)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ မာရာရိဇယရန်မျိုးအောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အလယ်တောရပဓာနနာယက ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်