Skip to main content

Nov 19, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် သံဃာများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရုံးသို့ရောက်ရှိပြီး ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ မြို့သစ်မြို့နယ်ရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ နတ်မောက်မြို့နယ်ရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ သမ္မတနန်းတော်၌ သမ္မတ မစ္စတာခူရယ်လ်စုခ်အူခ်နာထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ဘဏ်တွေကိစ္စကို ပထမဦးဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ အခြေအနေအပေါ်မှာ အခွင့်ကောင်းယူပြီး ပြည်တွင်းပြည်ပ အဖျက်သမားတွေက နိုင်ငံတော်ရဲ့စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေကိုပါ မတည်မငြိမ်ဖြစ်အောင် ပြည်ဖျက်မီဒီယာတွေနဲ့ ပူးပေါင်းပြီး ကြံစည်ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာအကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၀၁(၂၀၂၁) ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ် တိုက်ခိုက်ခံရသည့်သတင်းကို တွေ့မြင်ကြားသိလိုက်ရသူတိုင်းက အံ့အားသင့်ခဲ့ကြသည်။ ထို့အပြင် အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဓာတ်ပုံများအနက်မှ ဓာတ်ပုံတစ်ပုံနှင့်ပတ်သက်၍လည်း တွေ့မြင်ရသူတိုင်းက ဝမ်းနည်းကြေကွဲကြရသည်။ ရက်စက်စွာ သတ်ဖြတ်ခံထားရပြီး မောင်းပြန်သေနတ်ကိုင် အကြမ်းဖက်သမားက ခြေထောက်ဖြင့်နင်း၍ ဓာတ်ပုံရိုက်ခံထားရသူမှာ လက်နက်မဲ့၊ အပြစ်မဲ့သူ။ သတ်ဖြတ်ခံရသည့်နေရာသည် တက္ကသိုလ်ပရဝဏ်ဖြစ်ပြီး သတ်ဖြတ်ခံရသူသည် တက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အဆိုပါဖြစ်စဉ်၌ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအချို့တို့ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ဆရာ၊ ဆရာမအချို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ ဆိပ်သာတိုက်နယ်ဆေးရုံ၌ အခြေပြု၍ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ စက်သုံးဆီများအား ဆီသယ်ယာဉ် (Bowser)များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်းသယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကိုဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့တွင် ယနေ့ညနေ ၄ နာရီက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို အမျိုးသားရေးလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့‌သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

မလေးရှားနိုင်ငံအခြေစိုက် International Strategy Institute (ISI) က ကြီးမှူး၍ “Towards a Corrupt-Free Future: Strengthening Global Governance Together” ခေါင်းစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (World Anti-Corruption Conference - WACC) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း တက်ရောက်၍ Panellist အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံနိုင်ငံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေပညာလေ့ကျင့်သင်ကြားရေး နယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်