Dec 22, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 22, 2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့(ဒုတိယနေ့)တွင် ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲမှုများကို ဖော်ပြအပ်ပါသည်-
Dec 22, 2023
တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်သူလူထု၏ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးရန်ရည်ရွယ်၍ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ဒီဇင်ဘာ (၂၁) ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့သည်။
Dec 22, 2023
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့်ယန်း ၂၀၀၀၀၀ အောက်လျော့နည်းသူက လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။
Dec 22, 2023
“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အတွက် အားကိုးအားထားရမည့် အနာဂတ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်(ဒုတိယနေ့)ကို ယနေ့ဆက်လက်ကျင်းပသည်။ ဒီဇင်ဘာ ၂၂ ရက်အထိ ဆက်လက်ကျင်းပမည့် အဆိုပါပွဲတော်သို့ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကျောင်းများအလိုက် ခင်းကျင်းပြသထားသည့်ပြခန်းများမှ တာဝန်ရှိသူများနှင့်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကျောင်းသားလူငယ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-
Dec 22, 2023
နေပြည်တော်ကောင်စီနယ်မြေတွင် ဖွင့်လှစ်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းပညာ သင်ကြားပို့ချပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
Dec 22, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ် စီမံကိန်းဦးစီးရုံးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးသည်။
Dec 22, 2023
လူထုပါတီ (The Party for People) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
Dec 22, 2023
အများပြည်သူများအနေဖြင့် မကြာမီ စက်သုံးဆီပြတ်လပ်မည်ဆိုသည့် လူမှုကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး
Dec 22, 2023
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ယနေ့နံနက် ၉ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးငယ်လေးဦးအပါအဝင် အပြစ်မဲ့ပြည်သူ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Dec 22, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Dec 22, 2023
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 22, 2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာဆက်လက်ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား၊ လူငယ်များနှင့်ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လ့လာကြည့်ရှုကြသည်။
Dec 22, 2023
လူငယ်နှင့် စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဒုတိယနေ့စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။
Dec 22, 2023
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပသည်။
Dec 22, 2023
ဒီနေ့ကျင်းပပြုလုပ်မယ့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
Dec 22, 2023
ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးအားလုံးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် အတူတကွနေထိုင်လာခဲ့ကြသည်။ ၁၉ ရာစုအတွင်း၌ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများ၏ အပြိုင်အဆိုင်ကျူးကျော်လာမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ကြသည်။
Dec 22, 2023
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင်စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စာတတ်မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ စာမတတ်သူအရေအတွက်အားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့် ရှိနေပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိနေသည်ဟု သိရသည်။
Dec 21, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 21, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန်ဖြန့်ဝေပေးပြီး အခြားမြို့တွင်းရပ်ကွက်များကို အလှည့်ကျမီးပေးသည့်ပုံစံဖြင့် ပေးဝေလျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
