Skip to main content

Dec 21, 2023

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ယနေ့ စည်ကားသိုက်မြိုက်စွာဖြင့် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရေး၊ ဗလငါးတန်ဖြင့် ဘက်စုံဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် အဆိုပါပွဲတော်ကြီးတွင် ဝန်ကြီးဌာန၊ တက္ကသိုလ်၊ အခြေခံပညာကျောင်းများအလိုက် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူလူငယ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာနေကြသည်ကိုတွေ့ရသည်။ ထိုသို့ ပြခန်းများပြသဆောင်ရွက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာပြခန်းများမှ တာဝန်ရှိသူများနှင့် လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2023

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2023

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်နှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာသောနိုင်ငံဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်တွင် စည်းကမ်းဥပဒေများကို တိကျစွာ ပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာပြီး ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2023

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ သူတစ်ပါးကျွန်ဘဝမှ ပြန်လည်လွတ်မြောက်လာခဲ့ရသည့်အတွေ့အကြုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ထိုခေတ်မြန်မာပြည်သူလူထုတစ်ရပ်လုံးက လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းရပ်တည်ကာ ဖွံ့ဖြိုးတိုးတက်လာမည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်ကို စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့ကြကြောင်း ထိုခေတ်ကို သိမီခဲ့သူတို့ ရေးသားခဲ့ကြသည့် စာပေမှတ်တမ်းများတွင် တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ (၃၅) ကြိမ်မြောက်အသည်းအစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့်အသည်းအလှူရှင်တို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နေပြည်တော်ရှိဝဏ္ဏသိဒ္ဒိအားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီအမံများရေးဆွဲခြင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

ကောလင်းဒေသ၊ ထီးချိုင့်ဒေသအပါအဝင် ယာယီတိုက်ပွဲရှောင်ဒေသအသီးသီးမှ ပညာသင်ယူခွင့် ဆုံးရှုံးနေကြသော ကျောင်းသား ကျောင်းသူများအနေဖြင့် International Buddhist Education Centre (IBEC) ကျောင်းတွင် ပညာသင်ကြားနိုင်ကြောင်း အဆိုပါကျောင်းက ဖိတ်ခေါ်ထားရာ ဆက်သွယ်မှုများပြားကြောင်း အဆိုပါကျောင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ဒုတိယအချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ချမှတ်ထားသည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကုသမှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2023

“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသော မြန်မာတို့၏ဆိုရိုးစကားအရ အစာအာဟာရကို ညီညွတ်မျှတစွာစားသုံးပါက ကျန်းမာရေးနှင့်ပြည့်စုံသည့်ချမ်းသာသုခကိုရရှိစေနိုင်ကြောင်းကို မြန်မာတို့ရှေးကပင်သိနားလည်ခဲ့ကြပုံပေါ်သည်။ သို့ရာတွင် စားရေရိက္ခာပြည့်စုံဖူလုံသည့် ရေခံ၊ မြေခံကောင်းတွင် နေထိုင်ကြရသော်ငြားလည်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့မှာ အစာအာဟာရတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက်တတ်မှုအရာတွင် အားနည်းလှသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မေဃဝတီကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည် ကြားရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ် (၅) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိရပ်တန့်ထားခဲ့ရကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၏ ဘဏ္ဍာငွေ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်