Skip to main content
May 14, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၂)ကို မေလ ၁၂ ရက်နေ့ကကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအလိုက် တိုတောင်းသည့်ကာလအတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်နိုင်ရန် နှစ်ဦးတို့ကို မိမိနှင့်သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
May 13, 2022
ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတွင် နိုင်ငံသားများ ပညာရည်မြင့်မားရန် လိုသည်။ ဒီမိုကရေစီ နိုင်ငံသားကောင်းတစ်ဦးသည် အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားသိမြင် ချင့်ချိန်နိုင်သည့် စွမ်းရည်ဉာဏ်အမြော်အမြင်တို့နှင့် ပြည့်စုံရန်၊ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ မိမိဒေသနှင့် အများပြည်သူ၏ အကျိုးစီးပွား၊ မိမိအတွက် အကျိုးစီးပွားတို့ နှိုင်းယှဉ်လာပါက မိမိ၏အကျိုးစီးပွားကို ဦးစားမပေးရန်၊ လူမှုရေးရာပြဿနာများကို မှန်ကန်စွာ နားလည်နိုင်စွမ်းနှင့် အမြော်အမြင်ရှိရှိ ဖြေရှင်းနိုင်စွမ်းရှိရန်၊ ရိုးသားဖြောင့်မတ်ရန်နှင့် ဆင်ခြင်တုံတရားနှင့် ပြည့်စုံရန်တို့ လိုအပ်သည်။ ထို့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် တာဝန်ယူလိုမှုနှင့် အလုပ်အကျွေးပြုလိုမှုတို့လည်း လိုအပ်သည်။
May 12, 2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၂၃ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ လက်ရွေးစင်အားကစားသမားများက အားကစားနည်း အမျိုး ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မေလ ၁၁ ရက်နေ့တွင် ကျင်းပသည့် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲပွဲစဉ်များကို ကျင်းပရာ မြန်မာအားကစားသမား မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးလိုက်သည်။
May 10, 2022
လူတို့၏ သဘာဝအရ အလုပ်အကိုင်အဆင်ပြေပါက တက်ကြွရွှင်လန်းနေတတ်သည်။ အလုပ်အကိုင်အဆင်မပြေပါက စိတ်လက်မကြည်သာဖြစ်တတ်သည်။ မသင့်သောအလုပ်အကိုင် လုပ်ကိုင်မိသောကြောင့် အန္တရာယ်ဖြစ်သောသူ အချို့လည်းရှိသည်။ ထို့ကြောင့် အလုပ်အကိုင်သည် လူတစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အရေးကြီးသောကိစ္စဖြစ်သည်။
May 10, 2022
ရှေးခေတ်မြန်မာ့ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းများတွင် အခြေစိုက်သည်။ ကျေးရွာတိုင်းတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိစမြဲဖြစ်ပြီး ထိုကျောင်းများတွင် ကျေးရွာမှ ကလေးငယ်များ မြန်မာစာအခြေခံသင်ပုန်းကြီးကို စတင် သင်ယူကြရသည်။ ပုတ္တောဝါဒဆုံးမစာတွင် “ဤသို့ ပထမ၊ နမောကကို၊ စ၍ သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက်အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ် လုံ့လ၊ မကြာရခင်၊ ဓိပ္ပါယ်ငင်၍၊ သိမြင်စိမ့်ကြောင်း...” ဟူ၍ ထိုခေတ်ဘုန်းတော်ကြီးကျောင်း ပညာရေး၏ သင်ရိုးညွှန်းတမ်းကို ပြဆိုထားရာ မြန်မာအက္ခရာဗျည်း ၃၃ လုံး သင်ပုန်းကြီးကုန်အောင် တတ်မြောက်ပြီးပါက မင်္ဂလသုတ်ကို အဓိပ္ပာယ်နှင့်တကွ နားလည်သိမြင်အောင် သင်ကြားရသည်ကို ဆုံးမစာ၌ တွေ့မြင်နိုင်သည်။
May 08, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ ကျဆင်းသွားပြီဖြစ်သည်။ ရောဂါစစ်ဆေးမှု ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်တွေ့ရှိမှုနှုန်းမှာ နေ့စဉ် ဆယ်ဂဏန်းပတ်ဝန်းကျင်ဖြင့် တစ်ရာခိုင်နှုန်းအောက် ဒသမအနည်းငယ်သာ ရှိတော့သည်။ ထိုသို့ အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာခြင်းသည် နိုင်ငံတော်အစိုးရက အလေးထား စီမံဆောင်ရွက်နိုင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများက အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာသောကြောင့် ဖြစ်သည်။
May 08, 2022
လူတိုင်း နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစုကသာ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြပြီး လူအများစုကြီးတို့ကမူ အမှုမဲ့ အမှတ်မဲ့၊ စည်းမဲ့ ကမ်းမဲ့ တော်သလို ရော်သလိုသာ စွန့်ပစ်နေကြခြင်းဖြစ်သည်။ လူတစ်ကိုယ် အမှိုက်တစ်မျိုးသာ ပစ်လျှင်ပင် လူသန်းပေါင်းများစွာတို့က အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ် ပစ်နေကြခြင်း ဖြစ်သည့်အတွက် အမှိုက်စွန့်ပစ်မှု စည်းစနစ်ကျမှသာ အမှိုက်သိမ်းသည့် အဖွဲ့အစည်းတို့လည်း အမှိုက်ကိုနိုင်အောင် သိမ်းနိုင်ကြမှာဖြစ်သည်။
May 05, 2022
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူတစ်ဦးသည် နိုင်ငံသားအခွင့်အရေးများရပိုင်ခွင့်ရှိသည်။ နိုင်ငံသား အခွင့်အရေးများရရှိနိုင်ရန် အတွက် နိုင်ငံသားအထောက်အထား တစ်ခုခုတော့ရှိဖို့လိုမည်ဖြစ်သည်။ မွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ နိုင်ငံသားဆိုင်ရာ အထောက်အထား တစ်မျိုးမျိုးရှိရမည်ဖြစ်သည်။ ထိုအထောက်အထား အသိအမှတ်ပြုလက်မှတ်များကို သက်ဆိုင်ရာဌာနက အစဉ်အမြဲပြုလုပ်ပေးလျက်ရှိသည်။
May 05, 2022
မီးဘေးကာကွယ်ရေးအတွက် တပ်ဖွဲ့အသွင် ဖွဲ့စည်းဆောင်ရွက်မှုသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကပင် ရှိခဲ့သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းသည့်အခါ နိုင်ငံ၏ အရင်း အမြစ်များ ဆုံးရှုံးရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ စိုက်ထုတ်သုံးစွဲရသည့်အတွက် မီးဘေးကာကွယ်ရေးကို ရှေးမြန်မာမင်းအဆက်ဆက်တို့ အလေးအနက် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ဖွယ်ရှိသည်။ ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ခဲ့ရချိန်တွင်မူ မီးဘေးကာကွယ်ရေးကို စီးပွားရေးအချက်အချာ မြို့များမှလွဲလျှင် မြန်မာလူငယ် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများက ဒေသအလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
May 03, 2022
နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း၊ မိသားစုတစ်စုတွင်လည်းကောင်း ဝင်ငွေနှင့် ထွက်ငွေကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ပို့ကုန်ထက် သွင်းကုန်များနေပါက ဘတ်ဂျက်လိုငွေပြပြီး စီးပွားရေးကျဆင်းမည်ဖြစ်သည်။ သွင်းကုန်ထက် ပို့ကုန်မြင့်မားတိုးတက်ပါက နိုင်ငံ့စီးပွားတိုးတက်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။