Jun 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) အဖြစ် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ကြသည်။
Jun 21, 2026
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့ကို ဇွန် ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ခါမ်းပါတ်မြို့သည် ကလေး-တမူး လမ်းကြောင်းပေါ်တွင်တည်ရှိပြီး PDF အမည်ခံ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ ဒေသခံတိုင်းရင်းသားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာမြို့ကို စစ်စခန်းသဖွယ် အသွင်ပြောင်း၍ အခိုင်အမာ ခံစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
Jun 20, 2026
ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအား အန္တရာယ်ပေးလျက်ရှိပြီး စိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေသော အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အထူးသဖြင့် အလှမ်းဝေးသော နယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို နိုင်ငံတော်က ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်တိုက်ဖျက်နေသလို ပြည်တွင်း၌ကျူးလွန်နေသူများကိုလည်း ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိသည်။
Jun 20, 2026
“မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေး” ဟူသော အဓိက ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) မှာ အောင်မြင်သည့်ခရီးစဉ်ပင်ဖြစ်သည်။
Jun 19, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
Jun 19, 2026
မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုပမာဏတို့မှာ ကြီးကြီးမားမားကွာဟမှု ရှိနေဆဲဖြစ်သည်။ ပြည်တွင်းရှိ ဓာတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးတို့မှ လျှပ်စစ်ဓာတ်အားကို နှစ်အလိုက် တိုးတက်ထုတ်လုပ်ပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းရာနှုန်းပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရည်မှန်းချက်ရှိသည့်တိုင် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများစသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့် စနစ်ကြီး၏ အစိတ်အပိုင်းများစွာတို့မှာ အကြမ်းဖက်ဖျက်ဆီးမှုအမျိုးမျိုးတို့ကြောင့် ပျက်စီးခဲ့ရခြင်းနှင့် ပြည်တွင်းဒေသအများအပြားတည်ငြိမ်အေးချမ်းမှု မရှိသေးခြင်းတို့ကြောင့် ရည်မှန်းထားသည့် ကာလအတွင်း ပြီးမြောက်အောင်မြင်နိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။
Jun 18, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိရာ ဇွန် ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာဖော်ဆောင်လျက် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သည်။
Jun 18, 2026
ပေါ်ဆန်းဟုဆိုလျှင် အရည်အသွေးကောင်းသည့် ဆန်မျိုးဖြစ်ကြောင်း မြန်မာတိုင်းသိကြသည်။ ပေါ်ဆန်းဆန်ကိုချက်သည့် ထမင်းသည် မွှေးရနံ့ရှိခြင်း၊ ဆန်သားရှည်ထွက်ခြင်း၊ နူးညံ့ပျော့ပြောင်းခြင်းစသည့် အရည်အသွေးများကြောင့် ဆန်စျေးကွက်တွင် ထင်ရှားကျော်ကြားသည့် ဆန်မျိုးဖြစ်သည်။ ဆန်ဈေးကွက်ဟုဆိုရာတွင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်အတွက်ပါ အခွင့်အလမ်းများ ရှိနေရာ တိုးချဲ့စိုက်ပျိုးပြီး ပြည်ပသို့ တိုးချဲ့တင်ပို့ခြင်းဖြင့် အရည်အသွေးကောင်း ဆန်စျေးကွက်ကိုပါ ရရှိလာမည်ဖြစ်သည်။
Jun 17, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဇွန် ၁၅ ရက်က နိုင်ငံတော်အဆင့် (State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အပြန်အလှန်ဖေးမကူညီကြသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုဖြစ်သည်။
Jun 17, 2026
ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အရေးပေါ်ကုသရမည့်လူနာများ၊ ခွဲစိတ်ကုသရမည့်လူနာများ၊ ကလေးမွေးမည့်မိခင်များ၊ ပုံမှန်သွေးသွင်းနေရသည့် နာတာရှည်ဝေဒနာရှင်များ စသည်ဖြင့် သွေးလိုအပ်သည့်လူနာများမှာ ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီ၍ရှိနေသည်။ အသက်ကယ်ဆယ်နိုင်ရေးအတွက် လုံခြုံစိတ်ချရသော သွေးလိုအပ်ချက်သည် စက္ကန့်တိုင်းတွင် ကမ္ဘာ့တစ်နေရာရာ၌ ရှိနေသော်လည်း သွေးရရှိမှုမှာ နည်းပါးလျက်ရှိသည်။ သို့ဖြစ်ရာ သွေးဘဏ်များသည် အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသည့် သန့်ရှင်းသော သွေးရရှိနိုင်ရန် အဖိုးအခငွေကြေးတစ်စုံတစ်ရာမယူဘဲ စေတနာအလျောက် ပုံမှန်သွေးလှူကြသည့် စေတနာသွေးလှူရှင်များကို ကြိုးစားရှာဖွေနေကြရသည်။
