Nov 23, 2020
ရွေးကောက်ပွဲပြီးဆုံး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်များ ကြေညာပြီးသည့်နောက် ပြည်သူလူထုသည် ပြည်သူ့အစိုးရအဖွဲ့သစ်နှင့် နောက်ငါးနှစ်အတွက် အခြေခံမူဝါဒ လုပ်ငန်းစဉ်များကို မျှော်လင့်နေကြချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ဦးထိုက်ဇော် လုပ်ကြံခံရသည်ဟု သိရသည်။ ဦးထိုက်ဇော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မှ မဲအနိုင်ရကာ ရွေးချယ်ခံရသူ ဖြစ်ပါသည်။ သူ၏နေအိမ်ရှေ့တွင် မသမာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါသည်။
Nov 21, 2020
တက္ကသိုလ်၏ အသက်သွေးကြော သည် သုတေသနလုပ်ငန်း ဖြစ်သည်။ သုတေသနလုပ်ငန်းအား ကောင်း သည့် တက္ကသိုလ်သည် နိုင်ငံတကာ တက္ကသိုလ်များအလယ်တွင် ဂုဏ်တင့်တယ်ပြီး တက္ကသိုလ်၏ အရည်အသွေး၊ အရည်အချင်း၊ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေပါသည်။ ဂုဏ်ဒြပ် မြင့်မားသော တက္ကသိုလ်ဖြစ်ရေးတွင် ပညာသင်ကြားရေးသာမက သုတေသန၊ စာကြည့်တိုက်၊ ပုံနှိပ်ထုတ်ဝေရေးတိ
Nov 21, 2020
ပြည်သူလူထုကို အသိပေးရန်လိုအပ်သည့် အချို့သော သတင်း စကားတို့ကို အကြိမ်နှစ်ရာ သို့မဟုတ် အကြိမ်နှစ်ရာမက ပြောမည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခါအခွင့်သင့်တိုင်း ထုတ်ဖော်ပြောလေ့ရှိ၏။ လူထုကို စွဲမှတ်သွား စေချင်သည့်၊ ရင်ထဲစွဲကာ နားလည်သွားစေလိုသည့် သတင်းစကား တို့ကို ပြောပြီးဖြစ်သည့်တိုင် အထပ်ထပ်ပြောလိုသည်ဟု ဆိုလိုပါ သည်။ ထိုသတင်းစကားကို လေးနက်စေချင်သည့်သဘော။
Nov 20, 2020
နိုင်ငံတိုင်းတွင် ဥပဒေစိုးမိုးရန်လို၏။ ဤသည်မှာ အထူးတလည် ရှင်းလင်းပြောပြနေစရာလိုမည် မဟုတ်ပါ။ ဥပဒေစိုးမိုးမှုသည် နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါး လုံခြုံရေးအတွက် အရေးကြီး ဆုံးသော လိုအပ်ချက်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။
Nov 20, 2020
လူထုလှုပ်ရှားမှုသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးပါအရာရောက် သော မဖြစ်မနေ ပြုမူပြောင်းလဲဆောင်ရွက်ကြသည့် လှုပ်ရှားမှုဖြစ်သည်။ လှုပ်ရှားမှုမှန်သမျှတွင် အဆင့်အမျိုးမျိုးရှိသော်လည်း ယခုကျွန်ုပ်တို့ ဆောင်ရွက်လျက်ရှိသည့် လူထုလှုပ်ရှားမှုသည် ကျန်းမာရေး၊ လူမှုရေးဘက် ဆိုင်ရာတွင် ပြည်သူလူထုသိရှိလိုက်ပါလာအောင်၊ အောင်မြင်မှုအဆင့်အထိ ရရှိလာအောင်၊ နောက်ထပ်တစ်ဖန် အားအင်များတိုးပွားလာအောင် လှုပ်ရှား ဆောင်ရွက်မှုပင် ဖြစ်သည်။
Nov 17, 2020
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်
Nov 15, 2020
“ဆရာ မပြ နည်းမကျ” ဥပမာစကားကဲ့သို့ မည်သည့်အသိပညာ၊ အတတ် ပညာတွင်မဆို၊ ပညာနှင့်ဆိုင်သော မည်သည့်အကြောင်းအရာကိစ္စတွင်မဆို အတွေ့ အကြုံများသော၊ အသိဉာဏ်ပညာမြင့်မားသော ဆရာသမားများ၏ လမ်းညွှန်ပြသပေးမှုမရှိလျှင် နည်းလမ်းမကျ အောင်မြင်မှုမရ ဖြစ်တတ်ပေသည်။ ဆရာသမားများ၏လမ်းညွှန်ပြသပေးမှုများကို စနစ်တကျနာယူရပါက “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသကဲ့သို့ နယ်ပယ်အသီးသီး၌ အောင်မြင်ထင်ရှားသူများ ဖြစ်လာနိုင်ပါသည်။
Nov 14, 2020
ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက အရှိန်ရှိနေဆဲ။ သည့်ထက်ပိုဆို ရလျှင် ရောဂါပိုး၏ အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရသေး။ မိမိတို့သတိထားမှုကိုလျှော့လို့မရသေး။ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုက ရှိနေဆဲဖြစ်ပါသည်။
Nov 14, 2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ တစ်ဝန်း၌ ဆီးချို သွေးချိုရောဂါဖြစ်ပွားသူပေါင်း ၄၆၃ သန်းကျော်ရှိနေပြီး နှစ်စဉ် အဆိုပါ ရောဂါနှင့် ဆက်စပ်၍ သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းကျော်ရှိသည်ဟု သိရသည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူလေး သန်း ကျော်သည် ဆီးချို၊ သွေးချိုရောဂါကို အကြောင်းပြု၍ သေဆုံးရသည့်သဘောရှိနေသည်။
Nov 12, 2020
ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊ ပြည်ပကရော မျှဝေနေသည့် မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ပင်ပြောဆိုနေကြသည် ဖြစ်စေ၊ မြန်မာပြည်သူတို့က မဲရုံများသို့ သွားကာ မဲပေးကြခြင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
