ပညာမရှိလျှင် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ ခက်၏၊ ပညာ မရှိလျှင် အကောင်းအဆိုး၊ ဓမ္မနှင့် အဓမ္မကိုလည်း ရောထွေး ရှမြင်လေ့ရှိ၏။ ယနေ့ခေတ်လို နည်းပညာထွန်းကား လာသည်နှင့်အမျှ အမှားကို အမှန်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်လာသည့်အခါ၊ မတရားမှုကို တရားမှုကဲ့သို့ သတင်းနှင့် အချက်အလက်များကို ပြုပြင်မွမ်းမံလာနိုင်သည့် အခါ၊ ထိုသို့ အမှားအမှန်တို့ကို ရှုပ်ထွေးအောင် လုပ်ဆောင် ရာ၌လည်း အတုတို့သည် တကယ့် အမှန်အစစ်ထက်ပင် တူနေ သယောင် ပြုပြင်ဖန်တီးနိုင်လာကြသည့်အခါ စဉ်းစားချင့်ချိန်မှု နှင့် ပညာ၏အခန်းကဏ္ဍက ပိုမိုအရေးကြီးလာပါသည်။ ပညာမရှိလျှင် အတုကို အတုမှန်းမသိနိုင်။ ပညာရှိမှသာ အမှားကိုသိကာ အမှန်ကိုဆ
စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ အဖို့မူ စည်းလုံးခြင်းမှ ရရှိအပ်သည့် အင်အားသည် နိုင်ငံကို တည်ဆောက်ရန်နှင့် နိုင်ငံကို ကာကွယ်ရန်တို့အတွက် မရှိမဖြစ် လိုအပ်သည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးများ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကတည်းက အတူနေထိုင်ခဲ့ကြသည့် နိုင်ငံလည်း ဖြစ်သည်။ စုစည်းညီညွတ်စွာ၊ တစ်စည်းတစ်လုံးတည်း၊ အေးအတူပူအမျှ နေထိုင်ခဲ့ကြခြင်းဖြစ်သည့် အလျောက် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ဟူ၍လည်း တင်စားကြသည်။
တိုင်းရင်းသားလူမျိုးစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံသားများအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ရှိခြင်းဖြင့် နိုင်ငံထူထောင် ရေးကို တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် နိုင်ငံသားအားလုံးအတူတကွ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အေးအတူစံစား၊ ပူအမျှခံစားရင်း ကိုယ့်နိုင်ငံကို ကြိုးပမ်းထူထောင်ကြမည် ဆိုသည့် သဘောထားပေါ်တွင် အခြေခံ၏။
မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့ပြီတည်း။ မြန်မာ့ လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက်တောင်းဆိုခဲ့သော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပူရှိန်) ဟူသည့် အမျိုးသားရေးတက်ကြွသူ ခေါင်းဆောင်သုံးဦးအနက်က တစ်ဦးဖြစ်သော ဦးထွန်းရှိန် ကွယ်လွန်သည့် ဈာပနအခမ်းအနားအား မှတ်တမ်းတင်ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သော ၁၉၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင်အစခရီးအဖြစ် သတ်မှတ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ အဖြစ် မော်ကွန်းတင် ဂုဏ်ယူရပါသည်။
နိုင်ငံတည်းဟူသော သဘောသဏ္ဌာန်နှင့် တိုင်းပြည်တည်းဟူသော အသွင်သဏ္ဌာန်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ များသောအားဖြင့် လူတို့သည် နိုင်ငံဟုဆိုလိုက်၊ တိုင်းပြည်ဟု ဆိုလိုက်နှင့် တိုင်းပြည်နှင့်နိုင်ငံ၏ သဘောအဓိပ္ပာယ်ကို ကွဲကွဲပြားပြား မသိဘဲ ရော၍ပြောဆို နေကြသည်။ အလားတူပင် ပြည်ထောင်စုသဘော အဓိပ္ပာယ်ကိုလည်း စစ်စစ်ပေါက်ပေါက် မသိရှိကြသေးပေ။ ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော အရပ်ကို ပြည်ထောင်စုဟု အကြမ်းဖျင်းဆိုကြသည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းများ ညီညီညွတ်ညွတ် စုပေါင်းနေထိုင်မှသာ ပြည်ထောင်စုအစစ်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ ပညာရည်ဖွံ့ဖြိုးတိုးတက်နေမှုသည် ထိုနိုင်ငံ အေးချမ်း သာယာ ဝပြောမှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ပညာရည်ပြည့်ဝသော၊ အသိဉာဏ်ပညာမြင့်မားသော နိုင်ငံသူ နိုင်ငံ သားများ ဖြစ်ပေါ်လာရန်အတွက် ထိုနိုင်ငံရှိ ပညာရေးစနစ်ကောင်းခြင်း၊ မကောင်းခြင်း အပေါ်တွင် မူတည် ပေသည်။ ထို့ကြောင့် မျက်မှောက်အရေးထက် အနာဂတ် အရေးကို မျှော်တွေး၍ ကောင်းမွန်သော ပညာရေး စနစ်ကို နိုင်ငံများက ရင်းနှီးမြှုပ်နှံနေကြသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ရည်မှန်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးဖြစ်သည်။ တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုမရှိဘဲ၊ ပြည်ထောင်စု စိတ်ဓာတ် နိုးကြားရှင်သန် ထက်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ် မြဲမြဲ ခိုင်ကျည်ထက်သန်ခိုင်မာအောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။
အစိုးရနှင့် ပြည်သူဟူသည် နိုင်ငံတော်၏ အစိတ်အပိုင်းနှစ်ရပ် ဖြစ်သည်။ နိုင်ငံတော်ဟု ဆိုသည်နှင့် ပိုင်နက်နယ်မြေရှိခြင်း၊ ၎င်းပိုင်နက်နယ်မြေအတွင်း နေထိုင်ကြသည့် ပြည်သူများရှိခြင်း၊ စနစ်တကျဖွဲ့စည်းအုပ်ချုပ်သည့် အစိုးရရှိခြင်းနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခြင်းဟူသော အင်္ဂါလေးရပ်နှင့် ပြည့်စုံရမည်ဖြစ် သည်။ တစ်နည်းအားဖြင့် ဆိုခဲ့ပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံမှသာ နိုင်ငံတော်ဟု ခေါ်ထိုက်သည်ဟူ၏။
လူတို့အပေါ်ကျရောက်နိုင်သည့် အန္တရာယ်အမျိုးမျိုးတို့အနက် မီးဘေးသည် ကြီးမားစွာ ဒုက္ခပေး နိုင်သော အန္တရာယ်ကြီးတစ်ခု ဖြစ်ပါသည်။ “သူခိုးခိုးလျှင် ကျန်ပေဦးမည်၊ မီးခိုးလျှင်မူ ကုန်ပါလေရော' ဟူသည့် စကားရပ်အတိုင်း မီးလောင်ပြီဆိုလျှင် ပစ္စည်းဥစ္စာ ထိခိုက်ဆုံးရှုံးမှုမှာ အတိုင်းမသိဖြစ်ပြီး လူ၏အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် သင်ခန်းစာများသည် မြန်မာနိုင်ငံတွင်မက နိုင်ငံတကာတွင်ပါ များစွာရှိပါသည်။
