မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်ကို အားလုံး သိရှိကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည်ဆိုသော်လည်း အမြတ်တနိုးတန်ဖိုးထားမှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုရှိမှသာ မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုကာ ဂုဏ်ယူဝင့်ကြွား တင့်တယ်မော်ကြားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင ပြုလုပ်သည့် အစည်းအဝေး ၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့် နည်းတူပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်း များ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေး ရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။
နွေပေါက်လာပြီဆိုသည်နှင့် မြန်မာပြည်တစ်လွှားတွင် သစ်ပင်ကိုင်း ဖျားတို့ပေါ်က ဥဩသံချိုမြမြကို ကြားရပြီ။ စိမ်းရွက်သစ်ပုရစ်ဖူးနုများနှင့် ရွက်ဝါဏ်ကြွေတို့ ပြိုင်တူစုံဖက် လင်းလက်ဝင်းဝါသော၊ လှပလင်းပွင့်သော အချိန်အခါသမယ ဖြစ်ပေသည်။
သည်လိုအချိန် လမ်းမများထက်က ရှည်ရှည်လျားလျား ဆွဲငင်လိုက်သော မီးသတ်ဥဩသံများကမူ နိုင်ငံသားတို့အဖို့ စိုးရိမ် ထိတ်လန့်စရာများ၊ ပူပင်စရာများနှင့် ခြောက်ခြားနေစေပေသည်။
မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံအဖို့ နှစ်စဉ် တစ်နှစ်ပတ်လုံး လိုလို ခြိမ်းခြောက် နေသည်ဖြစ်သော်လည်း ယခုလို နွေပေါက်လာပြီ ဆိုလျှင်ဖြင့် ပို၍စိုးရိမ်နေရသည်မှာ အမှန်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီ လဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။
ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဦးရာသီကာလသို့ ရောက်ပြီဖြစ်သည်။ ပူပြင်းသော နွေကာလတွင် သတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါး ပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုနှင့် ကြုံနေကြရသည်။ နွေဦးတွင် မြန်မာပြည်တစ်လွှား မီးလောင်မှု ဖြစ်စဉ်များ ကြုံတွေ့ ကြားသိလာရသည်။
ယခုကာလတွင် သတ္တလောကကြီးအတွင်းဝယ် လူသတ္တဝါများ ကူးစက် ရောဂါဘေးများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို တွေ့ရသည်။ လူ၌ ကူးစက် တတ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။
ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းမရှိသေးသော်လည်း ကြိုတင်တားဆီး ကာကွယ်ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ပေးနေသည်။
ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီးများ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း
ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။
