Skip to main content
Apr 05, 2024
အားအသင့်အတင့်ရှိသော အယ်နီညို၏ အကျိုးသက်ရောက်မှုနှင့်အတူ ယခုနှစ်နွေရာသီ၏ နေ့အပူချိန်များ မြင့်မားလျက်ရှိသည်။ ပြင်းထန်သည့် အပူချိန်သည် အပူလျှပ်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ရုတ်တရက်သေဆုံးခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြင့်မားသည့်အပူချိန်ကို ကာလကြာရှည်ခံစားရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီသေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။
Apr 04, 2024
နိုင်ငံလိုအပ်ချက်အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့နှင့် ၁၃ ရက်နေ့တို့၌ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ အာဏာတည်အသက်ဝင်ပြီး လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သည်။
Apr 04, 2024
စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယကံရှင်တို့အဖို့ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတို့ရှိသည်။ စာတတ်ပါလျက် စာမဖတ်ခြင်းက ကျောင်းနေ၍ စာပေသင်ကြားခဲ့ရခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း သေးသိမ်ကျဉ်းမြောင်းသွားစေသည်။ သေစာရှင်စာမျှသာ ဖတ်တတ်သူအဖြစ်သို့ ရောက်ရှိသွားစေသည်။
Apr 03, 2024
လူတို့အတွက် မဖြစ်မနေလိုအပ်သော အဓိကလိုအပ်ချက်များဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် ဝတ်ရေးကို ဒုတိယအရေးအကြီးဆုံးကဏ္ဍအနေဖြင့် အသိအမှတ်ပြုထားသည်။ အဝတ်အစားသည် စားရေးကဲ့သို့ပင် လူသားတို့အတွက် အစဉ်အမြဲလိုအပ်နေသော ကုန်ပစ္စည်းဖြစ်သည်။ ထိုကုန်ပစ္စည်းအတွက် ဝါသီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်ကြသည့်လုပ်ငန်းများကို နိုင်ငံတိုင်းနိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်လျက်ရှိသည်။
Apr 03, 2024
မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကိုကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ကို အာဏာတည်သက်ဝင်စေခဲ့ပြီးဖြစ်သည်ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့ သိကြပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်သည်။
Apr 02, 2024
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေသည်အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ လူမှုဘဝပတ်ဝန်းကျင်တွင် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိပါမှ အစစအရာရာ အဆင်ပြေမည်ဖြစ်သည်။ ယခုအခါ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပူပြင်းခြောက်သွေ့မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများကို မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် ကြုံတွေ့လာကြသည်ကို တွေ့မြင်နေရသည်။
Apr 02, 2024
နွေရာသီနေ့အပူချိန်များ မြင့်သည်ထက်မြင့်လာသည်နှင့်အမျှ သောက်ရေသုံးရေအတွက် အခက်အခဲတွေ့ရသည့်နေရာများတွင် ရေလှူဒါန်းကြရသည့်သတင်းများကို ပို၍တွေ့လာရသည်။ ရေရှားပါးသည့် နေရာဒေသများဟုဆိုလျှင် အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရပ်ဝန်းဒေသကြီးကို မြင်ယောင်လေ့ရှိသော်လည်း ယခုအခါ နွေရာသီရောက်တိုင်း ရေအခက်အခဲ တွေ့ကြရသည့် ဒေသများတွင် ရှမ်းကုန်းပြင်မြင့်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများကဲ့သို့သော ဒေသများမှ မြို့ရွာရပ်ကွက်များ ပါဝင်လျက်ရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ သာမန်အားဖြင့် ရေအရင်းအမြစ် ပေါများသည်ဟုဆိုသည့် မိမိတို့နိုင်ငံတွင် သောက်သုံးရေသည် နေရာတိုင်း၊ အချိန်တိုင်း ပေါများစွာရရှိနိုင်ခြင်းမရှိဘဲ ရာသီအလိုက် ရှားပါးပြတ်လပ်လေ့ရှိရာ ရေချိုအရင်းအမြစ်များ မပျက်မစီးအောင် ထိန်းသိမ်းရန်နှင့် ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကိုကျင့်သုံးရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
Apr 01, 2024
ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သည်။ မြန်မာပြည်ရာသီဥတုအနေဖြင့် မတ်လ၊ ဧပြီလနှင့် မေလတို့သည် ပူပြင်းသောကာလများဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီကာလအားဖြင့် ကဆုန်၊ နယုန် ရာသီကာလသည် မနေနိုင်လောက်အောင် ပူပြင်းလှသဖြင့် “ကဆုန်-နယုန် ဆွေ့ဆွေ့ခုန်” ဟု အမွှမ်းတင်ထားသည်။ နွေရာသီကာလသည် ဖြစ်လေ့ဖြစ်ထဖြစ်သော်လည်း သာမန်အခြေအနေထက် ထူးခြားသည့်အပူဒဏ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရမည်ဖြစ်သည်။
Apr 01, 2024
၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခု၏ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ထားသည်ဟုလည်း သိရသည်။
Mar 30, 2024
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများနှင့် ကျင်လည်လာခဲ့သည်မှာ ယခုအချိန်အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားများ၏ ဘဝများ၊ အသက်များ များစွာပေးဆပ်ခဲ့ရပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်ရှေ့သို့ ဖြောင့်ဖြောင့်တန်းတန်းမတက်နိုင်ဘဲ အောက်ကျနောက်ကျဖြစ်နေခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။