Apr 10, 2024
ဂျီနီဗာမြို့၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။
Apr 10, 2024

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လူငယ်လူရွယ်များ တရားဝင်မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့်သာ တရားဝင်သွားရောက်ကြရန် အသိပညာပေးမှုများ၊ နှိုးဆော်သတိပေးမှုများရှိနေသော်လည်း တရားမဝင်သွားရောက်မှုများရှိနေဆဲဖြစ်ကြောင်း သတင်းများတွင်တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာသည့်အခါတွင် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခြင်း၊ သတင်းတု သတင်းမှားများ၊ ကောလာဟလများကို နားယောင်ခြင်း စသည့်အကြောင်းများကြောင့် လူငယ်လူရွယ်များအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းမှုများ မြင့်တက်လာခဲ့ရာ တရားမဝင်သွားရောက်မှုများလည်း ရှိနေသည်ဟုဆိုသည်။
Apr 09, 2024

နိုင်ငံသားကောင်းတိုင်း မိမိနိုင်ငံကိုချစ်မြတ်နိုးကြသည်။ နိုင်ငံတကာနှင့်ယှဉ်လျှင် ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်ဝင့်ထည်စေချင် ကြသည်။ ကိုယ့်နိုင်ငံကို ငြိမ်းချမ်းသာယာသည့်နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်စေချင်ကြသည်။ ငြိမ်းချမ်းသာယာ ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံ၏ နိုင်ငံသားအဖြစ်လည်း ဂုဏ်ယူဝင့်ကြွားလိုကြသည်။
Apr 09, 2024

လူတို့သည် ပုထုဇဉ်လူသားများဖြစ်၍ အမှားနှင့်မကင်းနိုင်ပေ။ အမှားပြုလုပ် မိသည်ဆိုရာ၌ မိမိတို့၏ အမှန်မသိနိုင်မှု၊ စဉ်းစားဆင်ခြင်ဉာဏ်နှင့် ခွဲခြားဝေဖန်သုံးသပ် နိုင်စွမ်းအားနည်းမှုတို့ကြောင့်သာ အမှားဖြစ်ကြရသည်။ မျက်မှောက်ကာလတွင် လုပ်မှား၊ ကိုင်မှား၊ ပြောမှား၊ ဆိုမှားဖြစ်လွယ်ကြသည်။ အကြောင်းမှာ လူတို့၏သိလိုမှုအရ လေ့လာရှုမြင်နေကြသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်မှ လုပ်ကြံဖန်တီးထားသော အမှားများကြောင့်ဟုဆိုရမည်။
Apr 08, 2024

နိုင်ငံအတွင်း ဒေသအနှံ့အပြားတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူများ စာတတ်မြောက်လာကြစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေး နည်းပြသင်တန်းဖွင့်ပွဲများ၊ စာသင်ဝိုင်းဖွင့်ပွဲများဖြင့် တက်ကြွလှုပ်ရှား စည်ကားနေသည့်နွေမှာ အပူရှိန်များ မြင့်မားနေသည့်တိုင် စေတနာအလှတရားတို့ ဝေဝေဆာဆာဖြင့် လှပနေသည်။
Apr 07, 2024

၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့ကို “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့” “My Health , My Right” ဟု သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ လူတိုင်းလူတိုင်း ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်ပြုမူလုပ်ကိုင်ဆောင်ရွက်မှုတို့ကို လူတိုင်းလူတိုင်းက ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
Apr 07, 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ကို ၁၉၄၈ ခုနှစ် ဧပြီလ ၇ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ သက်တမ်း ၇၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စတင်တည်ထောင်သည့် ဧပြီ ၇ ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ပြည့်နှစ်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အဆိုပါနေ့ရက်တွင် အဖွဲ့ဝင်နိုင်ငံများ၌ ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်ကြသည်။ ယခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “လူတိုင်းလူတိုင်းကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့ ” “My Health , My Right ” ဟူ၍ ဖြစ်သည်။
Apr 06, 2024

မျက်မှောက်ကာလတွင် ကမ္ဘာတစ်လွှား၌ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို မြင်တွေ့ကြားသိနေရသည်။ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစသည်တို့သည် လက်ရှိကာလ ရာသီဥတုအလွန်ပူပြင်းလာမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ ဒေသတွင်းနိုင်ငံများ၌ အဆိုပါဖြစ်စဉ်များနှင့် ကြုံတွေ့လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လေပြင်းတိုက်ခတ် ခြင်းနှင့်အပူဒဏ်အန္တရာယ်တို့ကို ကြုံတွေ့နေရသည်။
Apr 06, 2024

တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသမှုများတွင် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေးဟူသော ဆင်ဆာမူဝါဒများကို ထိခိုက်စေနိုင်ခြင်းမရှိစေရေးအတွက် ထုတ်လုပ်သူများ ကိုယ်တိုင်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်၊၊ အကယ်၍ တေးသီချင်းဗီဒီယိုများကို ဆင်ဆာအဖွဲ့သို့တင်ပြပြီး စစ်ဆေး ခွင့်ပြုချက်ရယူလိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဟု သိရသည်။
Apr 05, 2024
ပညာတွင် ကျောင်းသင်ပညာနှင့် လေ့လာဆည်းပူးသည့်ပညာဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ရှေးကာလက ဘုန်းတော်ကြီးသင်ကျောင်းမှလွဲ၍ ပညာသင်ကျောင်းမရှိခဲ့သေးပေ။ ထို့ကြောင့် ပညာကို မိမိကိုယ်တိုင်အပတ်တကုတ်လေ့လာ ဆည်းပူးပြီး ပညာရှိများ၊ အကျော်အမော်များ ပေါ်ထွန်းလာသည်။ ပညာကို စာဖတ်ခြင်း၊ နာယူခြင်း၊ စူးစမ်းလေ့လာခြင်းတို့မှ ရယူကြသည်။ စာဖတ်ခြင်း၏တန်ဖိုးမှာ ကြီးမားလှသည်။