ကင်ဆာရောဂါကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းဝေးရေးတို့ကို အခြေခံကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေးလုပ်ငန်းများ ဟန်ချက်ညီညီတိုးတက်အောင် ဆက်စပ်သောဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်လက်တွဲကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
