စာပေယဉ်ကျေးမှု လက်ဆင့်ကမ်းထိန်းသိမ်း
စာပေသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ်ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေပါသည်။ ထို့အပြင် စာဖတ်သူတို့ကို ရသကိုးပါး ပေးနိုင်စွမ်းသည့် နှလုံးသားအာဟာရလည်း ဖြစ်ပါသည်။ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာများအပြင် နှလုံးရည်ပြည့်ဝ သူများဖြစ်ရန်အတွက် စာပေက အဓိကပံ့ပိုးပေးပါသည်။
