ကိုယ်ကျိုးစီးပွားအတွက် ထိုးကျွေးခံဘင်္ဂါလီအရေး နှတ်ကြောင်းဖော်လာတဲ့ အင်ဒိုနီးရှား
ကိုယ့်မျက်ချေးကျတော့မမြင်၊ သူများမျက်ချေးသာ မြင်တတ်သူက လောကမှာ အများသား၊၊ ဘယ်သူမှအပြစ်မကင်းတဲ့ လောကကြီးမှာ အခြားသူအပြစ်တော့ ရဲရဲတောက်မြင်တတ်ပြီး ကိုယ့်အပြစ်တော့ မြူမှုန်မျှတောင် မမြင်နိုင်တဲ့နိုင်ငံများစွာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အပါအဝင်ပေါ့။ လွန်ခဲ့တဲ့လကပဲ သူများနိုင်ငံပြည်တွင်းရေး ဘာမဆိုင်ညာမဆိုင် ဗြောင်ဝင်စွက်ဖက်တဲ့ အရှေ့တီမောဆိုတဲ့နိုင်ငံက ဂျိုဆေးရာမို့စ်ဟော်တာဆိုတဲ့လူကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ရပါသေးတယ်။ အခုတစ်ဖန်လာပြန်ပါပြီ။ အင်ဒိုနီးရှားအောက်လွှတ်တော်က ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ BKSAP မှ လက်ထောက်ဥက္ကဋ္ဌ အာမတ်ဟာဖစ်တိုဟီဆိုသူရဲ့ ပြောကြားချက်များအပေါ် ပြန်လည်တုံ့ပြန်မှတ်ချက်ပေးရန် ဖြစ်ပါတယ်။
