Skip to main content

သမိုင်းကြောင်းရှိသည့် မြန်မာ့ကာတွန်းနှင့် မြန်မာ့ကာတွန်းသမိုင်းပြတိုက်

ကာတွန်းဟုခေါ်သော သရုပ်ဖော်ပုံကလေးများ ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်၊ နှစ်ရာနီးနီး ရှိခဲ့ပြီဖြစ်သည်။ ကာတွန်းသည် ပန်းချီပညာ၏ အကိုင်းအခက် တစ်ခုဖြစ်သော်လည်း သရုပ်မှန်ပုံများ မဟုတ်။ အလျှင်အမြူး၊ အသောအထွေ၊ သရော်လှောင်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်း တို့ဖြင့် ဟာသရသဘက်သို့ နွယ်သည်။ ကမ္ဘာ့ကာတွန်း၏အစသည် ၁၉ ရာစုထဲမှာစပြီး မြန်မာ့ ကာတွန်းကမူ ရာစုနှစ်ထက်ဝက်ကျော်ခန့် နောက်ကျကာ ၂ဝ ရာစု အစောပိုင်းကာလတွင် စသည်။

အရှိန်မြင့်လာသည့် ရောဂါကိုထိန်းချုပ်နိုင်ရေး

ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ကိန်းဂဏန်းများ နေ့စဉ် လျင်လျင် မြန်မြန် တိုးလာနေသည်။ ပြည်တွင်းရောဂါပိုးတွေ့ရှိမှု ဇယား၏ ထိပ်ဆုံးနေရာတွင် လူဦးရေ ထူထပ်များပြားလှသည့် ရန်ကုန်တိုင်းဒေသကြီးက တစ်သမတ်တည်း ရှိနေခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရက်ပိုင်းမျှနှင့် ရခိုင် ပြည်နယ်က ဇယား၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ ပြီဖြစ်သည်။

ရောဂါကာကွယ်ရေးနှိုးဆော်ချက်များ တိတိကျကျလိုက်နာနေထိုင်ကြဖို့လို

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာအရေအတွက် ရုတ်တရက် များပြားလာသည်။ အတည်ပြု လူနာများမှာ ပြည်တွင်းကူးစက်မှုများဖြစ်နေခြင်းကလည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စောစောပိုင်းကတည်းကပင်ပြည်တွင်း၌တွေ့ရှိရသည့် အတည်ပြု လူနာ ၆၀ ရာခိုင် နှုန်းကျော်ကျော်တွင် မည်သည့်ရောဂါလက္ခဏာမှ ပြသခြင်းမရှိဘဲ လူကောင်းပကတိအတိုင်း တွေ့မြင်ရခြင်း ကြောင့် ကူးစက်လူနာများ ရုတ်တရက်အမြောက်အမြား ပေါ်လာနိုင်ကြောင်း သတိပေးထားခဲ့ရာ ယခု၎င်း အခြေအနေသို့ ရောက်ရှိ နေပြီလားဟု ယူဆစရာဖြစ်သည်။ ။

ပညာဉာဏ် သတိတရားနှင့် ကပ်ရောဂါဘေး ကင်းဝေးရေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုများ ရှိနေပြီဖြစ်သည့်အတွက် စစ်တွေမှ ပြည်သူများ ရခိုင်ပြည်နယ်ပြင်ပသို့ မထွက်ရန် စည်းကမ်းများ သတ်မှတ်ထားပါသည်။ ဒေသတစ်ခုလုံး နှင့် အခြားသော နေရာများကိုပါ ကာကွယ်ရန်အတွက် ရည်ရွယ် ကန့်သတ်ရခြင်း ဖြစ်ပါ၏။

ပြည်သူတို့၏ အသိဉာဏ်အားဖြင့် ကပ်ရောဂါဘေးကင်းဝေးရေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု အရှိန်မြင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှ လူအပေါင်းကို အထူးပိုမို သတိထား နေထိုင်ကြရန်နှင့် လုံးဝမပေါ့ဆမိကြပါရန် နှိုးဆော်ရပါသည်။

ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ကြစို့

ငြိမ်းချမ်းရေးသည် တောင့်တအပ်၏။ မြတ်နိုးတန်ဖိုးထားမှုလည်း ရှိအပ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အခက်အခဲများ၊ စိန်ခေါ်မှုများကြားတွင် အကန့်အသတ် များဖြင့် တည်ဆောက်နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအဖို့ အလွယ်တကူ ရောက်ရှိနိုင်သည့် ပန်းတိုင်တစ်ခု မဟုတ်ကဲ့သို့ ဖြစ်နေ၏။ အမှန်မှာ မရောက်နိုင်လောက် အောင် ဝေးကွာလှသော ပန်းတိုင်လည်း မဟုတ်ပါချေ။

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း

ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်း ပင်ဖြစ်သည်။ ကလေးသူငယ်ဟုဆိုရာတွင် ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေအရ အသက် ၁၆ နှစ်မပြည့်သူကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသူကို လူငယ်ဟူ၍ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူဟူသမျှ ကလေး သူငယ်သာဖြစ်သည်။

ဒုတိယလှိုင်း ရှောင်လွှဲနိုင်ကြဖို့

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် ၃၇ဝ ကျော်ရှိလာသည့်အချိန် ကမ္ဘာတွင် ရောဂါကူးစက်ပြန့်ပွားမှုက အရှိန်မြင့်မားနေဆဲဖြစ်သည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှာ ဓာတ်ခွဲ အတည်ပြုလူနာ နှစ်သန်းခွဲခန့်ရှိလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် ထိပ်ပိုင်းသို့ ရောက်လာနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်ဖြစ်သော်လည်း စိတ်ချ၍မရသေးသလို ပေါ့ဆ၍လည်း မရသေး။

မတူကွဲပြားမှုကို အင်အားအဖြစ်ပြောင်းလဲ

မျက်မှောက်ကာလ ကမ္ဘာ့မြင်ကွင်းကျယ်ကြီးကိုကြည့်လျှင် ကမ္ဘာလုံးချီသည့် ကူးစက်ရောဂါဘေးကြောင့် နိုင်ငံကြီး နိုင်ငံငယ်မဟူကဏ္ဍ ပေါင်းစုံမှာ ထိခိုက်ခံစားနေကြရသည့် မြင်ကွင်းက အထင်ရှားဆုံး ဖြစ်နေသည်ကို တွေ့မြင်ရမည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု စသည့်ပြဿနာကြီးများကလည်း ကမ္ဘာ့နိုင်ငံများစွာတို့ကို လေးလံစွာ ဖိစီးလျက်ရှိနေသေးသည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်ဝါဒနှင့် အုပ်စုဖွဲ့ ဗိုလ်ကျစိုးမိုးလိုသည့် ဝါဒတို့ကို ရင်ဆိုင် နေကြရသည်။
Subscribe to မြန်မာ့အလင်း, အယ်ဒီတာ့အာဘော်