Skip to main content

စာတတ်မြောက်ရေး လူထုလှုပ်ရှားမှု အရှိန်မြှင့်တင် စဉ်ဆက်မပြတ်ဆောင်ရွက်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စ်ကို)၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာခံစတင်ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အဖြစ် ယူနက်စ်ကိုက သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားများကို ကျင်းပလျက်ရှိကြသည်။

ကျင့်ဝတ်လိုက်နာ၊ သိက္ခာထိန်းသိမ်း သမာသမတ်ကျစွာ စီးပွားရှာ

​​​​​​​အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုနှင့် ယူကရိန်း-ရုရှားပဋိပက္ခတို့ကို အကြောင်းပြု၍ ကမ္ဘာတစ်ဝန်း ဆန်လိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း များလည်း မြင့်တက်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့်မူ မိုးစပါးပေါ်မည့်အချိန်သည် အယ်နီညိုဝင်ရောက်မည့်အချိန်နှင့် လွတ်ကင်းသည့်အတွက် မိုးစပါးအထွက်ကို မထိခိုက်နိုင်ခြင်းနှင့် မြေပြင်ဆန်လက်ကျန် ပမာဏတို့အရ ပြည်တွင်းဆန်ဖူလုံမှုရှိနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ အချက်အလက်များအရ သိရသည်။

နည်းပညာသစ် စားသောက်ကုန်များဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် နေရာယူ

​​​​​​​မြန်မာနိုင်ငံအတွင်းရှိ MSME များအား စားသောက်ကုန်ထုတ်လုပ် မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်(၁)အရ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ခြောက်မျိုးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် အထက်မြန်မာပြည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှ သင်တန်းသား သင်တန်းသူများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည့် အဆိုပါသင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအချင်းချင်း ဖလှယ်ထားသော နည်းပညာများဖြစ်သည်။

စည်းကမ်းလိုက်နာမှ ဘေးကင်းကွာမည် ကမ္ဘာတစ်ခွင် ယာဉ်မတော်တဆမှုများကြောင့် လူသန်းနှင့်ချီ၍

​​​​​​​နှစ်စဉ်သေဆုံးပြီး သန်းပေါင်းများစွာ နှစ်စဉ်ဒဏ်ရာရလျက်ရှိသည်။ လူ့ပယောဂကြောင့် အဓိကဖြစ်ပွား နေရသော ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်သွားစေရန် နည်းလမ်းများစွာဖြင့် အဖြေရှာ ကြိုးပမ်းဆောင်ရွက်နေစေကာမှု လျော့ကျသွားခြင်းမရှိဘဲ နှစ်စဉ်တိုးသည်ထက် တိုးလာနေပြီး ကမ္ဘာလုံးဆိုင်ရာ အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေသည်ဟုဆိုရာ ယာဉ်များ၊ လမ်းများနှင့်မကင်းသူတိုင်း အလေးအနက် ဂရုပြုရန်လိုအပ်သည်။

မုန်တိုင်း၏အဖျက်စွမ်းအား (၃) ရပ် ကြိုတင်တိမ်းရှောင်ခြင်းဖြင့် ဘေးကင်းမည်

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလကခန့်မှန်းထားရာ မုန်တိုင်းလမ်းကြောင်း ကျရောက် နိုင်သည့်ဒေသများတွင် နေထိုင်ကြသည့်ပြည်သူများ ဘေးအန္တရာယ်လွတ်ကင်းရာများသို့ ရွှေ့ပြောင်း ခိုလှုံမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

လေထုညစ်ညမ်းမှုများလျှော့ချ လူ့ပယောဂကြောင့် မဖြစ်အောင်ရှောင်ကြဉ်

​​​​​​​သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ရာ မြေကမ္ဘာကို လေထုကြီးက လွှမ်းခြုံထားသည်။ လေနှင့်သက်ရှိဇီဝတို့ ဆက်စပ်နေသလို လေထုအတွင်း လှုပ်ရှားပြောင်းလဲခြင်းများကြောင့် ရာသီဥတုများ ဖြစ်ပေါ်လာရသည်။ လေရှိနေသော ကမ္ဘာသည် အပင်၊ သတ္တဝါများနှင့် စိမ်းလန်းစိုပြည် လှုပ်ရှားသက်ဝင်နေပြီး လေမရှိပါက ဆိတ်သုဉ်းခြောက်သွေ့နေသည့် ကမ္ဘာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ကျေးလက်လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ပညာရေးအခွင့်အလမ်းသစ်များ

​​​​​​​နိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် နေထိုင်ကြသော ကျေးလက်ဒေသများက အရေးကြီးသည်။ လူမှုစီးပွားဘဝဟုဆိုရာတွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ပါဝင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာရေးအားနည်းချက်များကို တွေ့ရှိရသဖြင့် နိုင်ငံတော်က ပညာရေးမြှင့်တင်ပေးမှုကို ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ကျေးလက်ဒေသနေ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးအားနည်းမှုများကို အလေးထားမြှင့်တင်ပေးခြင်းသည် နိုင်ငံ၏အဓိက လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။

ပြည်သူလူထု၏ စွမ်းပကားဖြင့် စည်းလုံးညီညွတ်မှု တည်ဆောက်

မျက်မှောက်ကာလကမ္ဘာ့အစီအစဉ် (World Order) ၏အစမှာ ဒုတိယကမ္ဘာစစ်ဖြစ်သည်။ မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများအကြား ကမ္ဘာ့ဒေသအသီးသီးတို့တွင် ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးသည် ထိုစဉ်က နယ်ချဲ့နိုင်ငံကြီးများ၏ လက်အောက်တွင် ကျရောက်နေခဲ့သည့် အိန္ဒိယ၊ မြန်မာတို့အပါအဝင် ကိုလိုနီနိုင်ငံများ၏ အမြင်အရနယ်ချဲ့သမားအချင်းချင်း စားကျက်လုကြခြင်းသာဖြစ်သည်။ သို့ရာတွင် အတ္တလန္တိတ်ချာတာ ထွက်ပေါ်လာသည့်အခါ ကိုလိုနီလက်အောက်ခံနိုင်ငံများကို လွတ်လပ်ရေးပေးရန် ပါရှိခဲ့သည့်အလျောက် မဟာမိတ်နိုင်ငံများကို ထိုစဉ်က ကျွန်နိုင်ငံဘဝ ကျရောက်နေခဲ့ရသည့် နိုင်ငံများက ထောက်ခံခဲ့ကြသည်။

ဒေသအကျိုး၊ ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးလမ်းကြောင်းမှ ငြိမ်းချမ်းစွာ လျှောက်လှမ်း

ငြိမ်းချမ်းရေးသည် မိမိတို့နိုင်ငံအတွက် အဓိကအကျဆုံးလိုအပ် ချက်ဖြစ်သကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လိုလားချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငြိမ်းချမ်းပြီ၊ စည်းလုံးညီညွတ်မှုရရှိပြီဟု ဆိုနိုင်သည်နှင့် မကြာမြင့်သော ကာလအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ရင်ပေါင်တန်းကာ စုပေါင်းကြိုးပမ်း အားထုတ်ကြသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုမြင့်မား၍ ထိပ်တန်းသို့ရောက်ရှိသွားမည်မှာ သေချာသည်။

ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး

ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ကူးစက်မှုစတင်သောအခါ ဦးဆုံးထိခိုက်ခံစားရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ ယခု ကိုဗစ်-၁၉ ကူးစက်မှု အရှိန်လျော့ကျလာပြီး နိုင်ငံအသီးသီးတို့၏ စီးပွားရေးယန္တရားများ ပြန်လည်မောင်းနှင်ကြရာတွင်လည်း ခရီးသွားလုပ်ငန်းများဖြင့် စတင်ကြပြီး အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်း နိုင်ငံအချို့တို့ အရှိန်အဟုန်ရရှိနေကြပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။
Subscribe to "မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်