နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်ပမှ စက်သုံးဆီနှင့်စားသုံးဆီများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။ စက်သုံးဆီနှင့် စားသုံးဆီများ ကို ပြည်တွင်း၌ သုံးစွဲမှုလျှော့ချနိုင်မှသာ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အလျောက် ပြည်တွင်းသုံးစွဲမှုလျှော့ချနိုင်ရေး လမ်းညွှန်မှာကြားမှုများကိုလည်း လိုက်ပါအကောင်အထည်ဖော်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
လူမှုကွန်ရက်ပေါ်မှ အန္တရာယ် အသိသုတမြှင့်တင်၍ ကာကွယ်
မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်သုံးစွဲသူ ၂၇ သန်းခန့်ရှိသည်ဟု သတင်းတစ်ပုဒ်တွင် တွေ့ရသည်။ သည်အထဲတွင် လူတစ်ဦးတည်းက အကောင့်တစ်ခုမက သုံးစွဲနေမှုများလည်း ပါဝင်နေမည်။ အခြား ဆိုရှယ်ပလက်ဖောင်းများဖြစ်သည့် တွစ်တာ၊ တစ်တော့၊ အင်စတာဂရမ်၊ တယ်လီဂရမ် စသည်တို့ကို သုံးစွဲနေမှုများလည်း ရှိသည်။ လူမှုကွန်ရက်ကို စတင်တီထွင်သူများက လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုး ရည်ရွယ်ခဲ့သော်လည်း အသုံးပြုသူတို့ကြောင့် မကောင်းသည့်ရလဒ်များစွာ ထွက်ပေါ်လာပြီး လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်ဖြစ်စေခဲ့သည်ကိုလည်း တွေ့ရသည်။
တန်းတူညီမျှဖို့ မညီမျှတာလျှော့ချကာ လူ့အခွင့်အရေးကို မြှင့်တင်ကြ
မြေကမ္ဘာတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာသူမှန်သမျှ တူမျှသော အခွင့်အရေးရရှိစေရေးနှင့် ကမ္ဘာသူကမ္ဘာသားလူသား တစ်ဦးအနေဖြင့် ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ရေးတို့ကို ရည်သန် လျက်ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို လွန်ခဲ့သည့် (၇၃) နှစ်က ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသူနိုင်ငံသားအဖြစ် ရရှိသည့်အခွင့် အရေးမျိုးမဟုတ်ဘဲ လူသားတစ်ဦးအနေဖြင့် ရရှိသင့်သည့် အခွင့်အရေးပင်ဖြစ်သည်။
ရေစီးကြောင်းအန္တရာယ်
လူကိုနှိပ်စက်ဖျက်ဆီးတတ်သည့် ရန်သူမျိုးတို့တွင် ရေဘေးအန္တရာယ်သည်လည်း အပါအဝင်ဖြစ်သည်။ မိုးရေချိန် စံချိန်တင်ကာ မိုးရွာသွန်းမှု များပြားသည့်ဒေသများနှင့် မြစ်နီး၊ ချောင်းနီး အနိမ့်ပိုင်းဒေသများ ရေကြီးရေလျှံသည့် သတင်းများ၊ ကားလမ်း များတွင်ရေကျော်ခြင်းကြောင့် အဆက်အသွယ် အသွားအလာများ ယာယီပြတ်တောက်သည့် သတင်းများ၊ လမ်းတံတားများ မျောပါ ပျက်စီးသည့်သတင်းများကို မီဒီယာများနှင့် လူမှုကွန်ရက်တို့တွင် ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့မြင်နေရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသဖြစ်စဉ်များ ပြောင်းလဲလာမှုများကြောင့် သဘာဝဘေးအန္တရာယ်တို့က ပိုမိုပြင်းထန် ဆိုးရွားလာနိုင်ကြောင်းလည်း ပညာရှင်တို့က သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့အချက်အချာ၊ ကမ္ဘာ့အမွေအနှစ်
ပုဂံသည် မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ် (World Heritage)အဖြစ်လည်း သတ်မှတ်ခံထားရသည့် ဒေသဖြစ်သည်။ ပုဂံထက်စော၍ ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ကို ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်များပင်ဖြစ်သည်။
ရှေးဦးပြုစုသူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှာ မွေးထုတ်ထား
ရှေးဦးပြုစုခြင်းဟူသည် မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ရောဂါတစ်စုံတစ်ရာကြောင့် ဖြစ်စေ လတ်တလောပြုစုစောင့်ရှောက်ပေးရန် လိုအပ်နေသော လူနာကို ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်ထံမရောက်မီ အရေးပေါ်ပြုစု စောင့်ရှောက်ပေးခြင်းဖြစ်သည်။ ပြုစုစောင့်ရှောက်ပေး သူသည် ဆရာဝန်မဟုတ်သော်လည်း ရှေးဦးပြုစုခြင်းအတတ်ပညာကို သင်ကြားတတ်မြောက် ထားသူဖြစ်ပြီး လူနာကို အခြေအနေ ပိုမိုဆိုးရွားမသွားစေရန်၊ ဝေဒနာခံစားနေရမှု လျော့ပါး သက်သာနိုင်စေရန် ပြုစုပေးနိုင်သလို တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုပင် ကယ်ဆယ် နိုင်ကြသည်။ လူနာကို ဆရာဝန်ထံ လွှဲအပ်မပေးနိုင်သေးမီတွင် လိုအပ်သလို ပြုစုပေးရသည့် အတွက် လက်တွေ့သင်ကြားလေ့ကျင့်ကျွမ်းကျင်ထားရန် လိုအပ်သော အတတ်ပညာဖြစ်ရာ ရှေးဦး ပြုစုခြင်းအတတ်ပညာကို လူတိုင်းသင်ကြားထားရန်လိုအပ်သည်။
ပိုမိုဂရုပြု ရှောင်ရှားရမည့် ဗိုင်းရပ်စ် မျိုးဗီဇကွဲ ဒယ်လ်တာ
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်းတိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်တိုက်တွန်းထားသည်။
နိုင်ငံ့စီးပွားဦးမော့လာရေး
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့လူသားတို့အပေါ် ကျန်းမာရေးကဏ္ဍ ကိုသာမက အခြားကဏ္ဍများကိုပါ ထိခိုက်မှုကြီးမားသည်။ ကိုဗစ်-၁၉ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေစဉ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ အထိနာခဲ့ရာ နိုင်ငံငယ်များအဖို့မူ ဆိုဖွယ်ရာမရှိတော့။ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့များ အလုံပိတ်၊ သွားလာမှုများ တားဆီးကန့်သတ်၊ တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာမှုများ ရပ်တန့်၊ နယ်စပ်ဖြတ်သန်း မှုများကို ပိတ်ဆို့၊ နိုင်ငံအတွင်းသို့ ရေကြောင်း၊ လေကြောင်းဝင်ပေါက်များ ပိတ်ထားခြင်း အားဖြင့် ရောဂါကူးစက်မှုများ လျှော့ချတားဆီးနိုင်သည်နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံစီးပွားရေး ကျုံ့ဝင်သွားခြင်း၊ ကျဆင်း သွားခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။
ကိုဗစ်-၁၉ ကာလဆေးရုံများ ရေကြီးမှုအန္တရာယ်ကင်းဝေးရေး
မိုးတွင်းကာလ ရေကြီးရေလျှံမှုသည် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ နှစ်စဉ်လိုလို ဖြစ်လာခဲ့သည်။ မုတ်သုံလေအားကောင်း၍ မိုးရွာသွန်းမှု များပြားသည့်အခါ မြစ်ချောင်းများအတွင်း ပုံမှန်ထိန်းနိုင်သည့် ရေပမာဏထက် အများအပြားကျော်လွန်ပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်တို့တွင် နှစ်စဉ်လိုလို ရေကြီးမှုဖြစ်ပေါ်သည့်အခါ မြေအနေအထားကို လိုက်၍ အနိမ့်ပိုင်းဒေသတို့မှာ ရေကြီးရေလျှံမှုကို ခံစားကြရသည်။
စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင် ရောဂါကပ်ဆိုးကို ရင်ဆိုင်
ဇူလိုင် ၁၂ ရက် ည ၈ နာရီမှ ဇူလိုင် ၁၃ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြလူနာ တွေ့ရှိမှုမှာ ရာခိုင်နှုန်း အားဖြင့် ၃၅ ရာခိုင်နှုန်းခန့် ရောက်ရှိလာသည်။ ယင်းမှာ လူသုံးယောက်လျှင် တစ်ယောက်မက ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားနေကြောင်း တွေ့ရှိရသည့် သဘောပင်ဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားခြင်းနှင့်အတူ ရောဂါပြင်းထန်မှုနှင့် သေဆုံး မှုကိုလည်း မြင့်မားလျက်ရှိသည့်အတွက် ရောဂါကူးစက်မှုကို ထိန်းချုပ်တားဆီးရန် လူတိုင်းက ဂရုပြုဆောင်ရွက်ကြရန်လိုသည်။