ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီ၌ အမှတ်(၈)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဗိုလ်တစ်ထောင်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လူမှုရေး၀န်ကြီး ဦးဌေးအောင် လာရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများအား တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဦးဌေးအောင်နှင့် တာ၀န်ရှိသူများအတူ  ယနေ့ နံနက်ပိုင်းက  လာရောက်ကြည့်ရှုစစ်‌ဆေးခဲ့သည်။

သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ စာဖတ်သူတိုးပွားရေး၊ စာကြည့်တိုက်ဥပဓိကောင်းမွန်စေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၇) ကြိမ်မြောက်ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

Green Response Workshop ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း ထောက်ပံ့ပို့ဆောင်ရေးနှင့်ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သော Green Response Workshop (Community Waste Management Initiatives)ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က ရခိုင်ချောင်ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့တွင်းသို့ တတိယမြောက်နေ့ဒေသစာရီကြွချီအပူဇော်ခံယူ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နိုဝင်ဘာလ (၈)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြပြီး ယမန်နေ့တွင်လည်း တတိယမြောက်နေ့ အဖြစ်  မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အလုံမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲ ကျင်းပ

အလုံမြို့နယ် Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ သုတေသနစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သုတေသနအရည်အသွေးများ တိုးတက်လာစေရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းကာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ သုတေသန စကားဝိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်နိုင်ရေးစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ရာ အဆိုပါမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး