မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ World Vision Myanmar အဖွဲ့မှကျောင်းသား/သူများအား စာရေးကိရိယာများ ထောက်ပံ့    

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ World Vision Myanmar အဖွဲ့မှ ကျောင်းသား/သူများ ပညာသင်ယူရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မန္တလေးဆေးရုံကြီးငွေစုငွေချေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မန္တလေးဆေးရုံကြီးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆို၊ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ကဗျာရွတ်ဆို၊ ပန်းချီပြိုင်ပွဲနှင့် မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ စည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြင်းခြံမြို့ စည်ပင်ယာသာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ သောဠသမရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာ တော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ ညနေပိုင်း၌ သွားရောက်ဖူးမြော်ကြသည်။

ငါန်းဇွန်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစု၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၁၆၆၅ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံမျိုးစုံ ၁၇၈၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့၌ (၆၅) ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅)  ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့်စိုက်ပျိုးသည့် ခရမ်းသီးစိုက်ခင်းများအထွက်နှုန်းကောင်း

မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့် ခရမ်းစိုက်ပျိုးသည့်တောင်သူများ ခရမ်းသီးအထွက်နှုန်းကောင်း၍ အဆင်ပြေကြောင်း ခရမ်းစိုက်တောင်သူ ဦးခင်မောင်ရှိန်ထံမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး