Skip to main content

သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်

အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များ ပေါကြွယ်ဝ သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် အရည်အသွေးပြည့်ဝလတ်ဆတ်သည့် သားငါးများကို ပြည်သူ များ ဝဝလင်လင်စားသုံးနိုင်ကြရန်လိုအပ်ကြောင်း၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်ခြင်းသည် ပြည်တွင်းစားသုံးမှု သာမက ပို့ကုန်တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည့် သုတေသနလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းက မအူပင်မြို့နယ် တလုပ်လှ ငါးလုပ်ငန်းစခန်း၊ တွံ့တေးငါးလုပ်ငန်းအတတ်သင်သိပ္ပံ နှင့် ငါးလုပ်ငန်းစခန်းများမှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ငါးသုတေသန ပညာရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

လက်မှုအနုပညာထုတ်ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ယွန်းအတတ် ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကြိုးပမ်း

မိမိနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပြယုဂ်တစ်ခုဖြစ်ပြီး လက်မှုအနုပညာ ထုတ်ကုန် အဖြစ် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ယွန်းအတတ်ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေး ဂရုပြုကြိုးပမ်းကြစေလိုကြောင်း ၊ ကိုဗစ်-၁၉ကြောင့် ပိတ်ထားခဲ့ရသည့် မိမိတို့ ဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်များ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ မကြာမီဖွင့်လှစ် တော့မည်ဖြစ်ပြီး ယွန်းပညာကောလိပ်အပါအဝင် ကောလိပ် ၃ ခုကိုလည်း ဆက်လက် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက် များ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ကြစေလိုကြောင်း မေ(၉)ရက် နံနက်က ယွန်းပညာ ကောလိပ်(ပုဂံ)သို့ရောက်ရှိစဉ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကယားပြည်နယ် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် ထောက်ပံ့မှုများ ဆောင်ရွက်

ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်း သူများ နှင့်သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို မေ ၁ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

၇၂။ ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန် က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ နိုင်ငံတော်၏အာဏာသုံးရပ် ကို လွှဲပြောင်း ပေးသူသည် ယာယီသမ္မတကြီး ဦးမြင့်ဆွေဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁ (ခ) အရ သမ္မတကြီးဦးမြင့်ဆွေသည် နောက်တစ် ကြိမ် ရွေးကောက်ပွဲအပြီး အရွေးချယ်ခံသမ္မတကို လွှဲပေးသည်အထိ သက်တမ်းရှိနေသည်ဟု သိရကြောင်း၊ယနေ့ မိမိတို့နိုင်ငံ၏ အရေးပေါ် ကာလသည် မည်သည့်အတွက်ကြောင့် နိုင်ငံတော် အာဏာကို ထိန်းသိမ်းရသလဲ ဆိုသည့်အကြောင်း ကို ရှင်းပြနေရကြောင်း၊ ၁၉၅၈ ခုနှစ် ဦးနုက ဦးနေဝင်းကို လွှဲသည့် အချိန်တွင် ဦးနုက နိုင်ငံတော်သည် အရေးပေါ်ကာလ ဖြစ်လာပြီဖြစ်ကြောင်း၊ ဖဆပလ နှစ်ခြမ်းကွဲခြင်း၊ ခါးပိုက်ဆောင်တပ်များ၏ တပ်လှုပ်ရှားမှုများဖြစ်လာကြောင်း၊ သွေးထွက်သံ ယိုမှုများ ဖြစ်တော့မည် ဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် ဦးနေဝင်း သာဆောင်ရွက်နိုင်လိမ့် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးနေဝင်းကို အာဏာလွှဲသည်ဟု လွှတ်တော်ထဲ၌ တစ်ခါတည်းပြောပြီးကြောင်း၊ ယခု မိမိတို့ သမ္မတ ကြီးသည် မည်သည့် အတွက်ကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံ တော် အာဏာသုံးရပ် ကို လွှဲရသည် ဆိုသည့်အကြောင်း သမ္မတကြီးကိုယ်တိုင် ပြောခဲ့ခြင်း မရှိပါကြောင်း၊ လွှဲပြောင်းစအချိန် က အချက်အလက်ခိုင်ခိုင်မာမာနှင့် ပြောရန်ခက်ခဲကြောင်း၊ သို့သော် ယနေ့အချိန်တွင် သမ္မတကြီး ပြောရန် အချိန်ရောက်ပြီဟု မိမိထင်မြင်မိကြောင်း၊ မည်သည့်အတွက်ကြောင့် အာဏာ ထိန်းရခြင်း ဖြစ်သည်ဟုသာ ပြောနေရပြီး မည်သည့် အတွက်ကြောင့် အရေးပေါ်ကာလဖြစ်ပြီး နိုင်ငံတော်အာဏာ ကို လွှဲရသလဲဆိုသည့် အဖြေ တစ်ခုကို သမ္မတကြီး ကိုယ်တိုင် လူထုကို ပြောပြလျှင် ယခုထက် ပိုရှင်းသွား မည်ဟု မိမိနား လည်ပါကြောင်း၊ ထို့ကြောင့် သမ္မတကြီးက လူထုကို ရှင်းပြသည့်မိန့်ခွန်းမျိုး မိမိတို့နားထောင် စရာ အကြောင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။ လိုအပ်လာမည်ဆိုလျှင် ထပ်မံဖော်ပြ ပေးမည်ဖြစ်

နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံအတွက် ဆေးပဒေသာပင်အလှူငွေ ပေးအပ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆေးပဒေသာပင် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဉီး နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမိသားစုများ နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရား တော်နာယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နှစ်သစ်အန္တရာယ်ကင်း ပရိတ် တရားတော် နာယူခြင်း အခမ်းအနားကို ဧပြီ၁၇ ရက် ညနေပိုင်း က နေပြည်တော်ရုံးအမှတ် (၁၅) ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
Subscribe to နေပြည်တော်