Skip to main content

ဂျပန်နိုင်ငံမှကြီးမှူး၍ Online ဖြင့်ကျင်းပခဲ့သော Seminar on Economic Policies 2021 သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဂျပန်နိုင်ငံမှကြီးမှူး၍ Online ဖြင့်ကျင်းပခဲ့သော Seminar on Economic Policies 2021 အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၁) ထွက်ပြီ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ (၂၀၂၁)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ရာထူးဝင် စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း စည်းဝေး တက်ရောက်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်း များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်း ကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်း ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း(Early Childhood Intervention- ECI ) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပ သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ စစ်သင်တန်းတက်ရောက်ရန်နှင့် ရန်ကုန်မြို့အတွင်းဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက် ရန် စီစဉ်ခဲ့မှုများ ဖော်ထုတ်ရရှိ

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများ နိုင်ငံအတွင်း အချို့မြို့ကြီးများ၌ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်မှုမရှိ စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရန် လိုအပ် သော စစ်ဆေးရှာဖွေခြင်းများ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဧရာဝတီတိုင်းဒေသကြီး အတွင်း လမ်း၊ တံတား တည်ဆောက် ရေးလုပ်ငန်းများနှင့် ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၁ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ ၉ ရက် ညနေပိုင်းတွင် သံတွဲ-ဂွ-ငါးသိုင်းချောင်း လမ်း (ဂွ-ငါးသိုင်းချောင်း အပိုင်း) တွင် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၀)မှ ရေနံ့သာလမ်းဆုံ 0 km မှ ရခိုင်ပြည်နယ်စပ် 35.29 km အထိ (၁၈) ပေ အကျယ်ကွန်ကရစ် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အတက် အဆင်း မတ်စောက်သည့် လမ်းကွေ့နေရာတွင် သတ်မှတ်လမ်းအင်္ဂါရပ်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကားကြီးများနှင့် ခရီးသည် Express ကားကြီးများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောပျိုးခင်းများ ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် မေ ၁၁ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သစ်တောဦးစီးဌာနက တည်ထောင်ထားသော ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ၂၀၂၁ မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိသည့် နှစ်ပေနှင့်အထက် ပျိုးပင် ၂၀၀၀၀ အပါအဝင် သစ်မျိုးစုံပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိမှု ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

အာဆီယံပါလီမန်များညီလာခံနှင့် နိုင်ငံတကာပါလီမန်များ ညီလာခံဆက်စပ် အစည်း အဝေးများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘရူနိုင်းဒါရူဆလမ် ဥပဒေပြုကောင်စီက မေ ၂၄ ရက်တွင် ပြုလုပ်မည့် 4th AIPACODD Meeting ၊ စင်ကာပူပါလီမန်က မေ ၁၆ ရက်တွင် ပြုလုပ်မည့် 12th AIPA Caucus အစည်းအဝေး နှင့် မေ ၂၄ မှ မေ ၂၇ ရက်အထိ ပြုလုပ်မည့် ၁၄၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံ( 142nd Inter-Parliamentary Union Assembly- IPU)နှင့် ဆက်စပ်အစည်းအဝေးများကို ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မေ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to နေပြည်တော်