တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ တြိဂံဒေသကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
Apr 24, 2026
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေးဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 24, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပမည့် သမိုင်းဝင်အဆောက်အအုံများနှင့်လမ်းများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်မြို့တော်ဝန်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Apr 24, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တံတားဦးခရိုင် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အအုံ၊ စေတီ၊ ပုထိုးများနှင့် မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Apr 24, 2026
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Apr 24, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများအတွက် ဝန်ထမ်းအိမ်ရာအသစ်များ ပြန်လည်တည်ဆောက်ပေးခြင်းလုပ်ငန်းနှင့် အနီရောင်အဆင့်ပျက်စီးသော ဝန်ထမ်းအိမ်ရာအဆောက်အအုံ ပြင်ဆင်ခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Apr 24, 2026
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာန မှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားရေးနှင့် ကုသရေးမှ တာဝန်ရှိသူများအား ယနေ့တွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
Apr 24, 2026
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပသည်။
Apr 24, 2026
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများမှ ယာယီဝန်ထမ်းအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းနှင့် မိသားစုဝင်များ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ ကျင်းပသည်။
နောက်ဆုံးရသတင်းများ
Apr 24, 2026Latest News
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ တြိဂံဒေသကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပို
Apr 24, 2026Latest News
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်
Apr 24, 2026Latest News
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပမည့် သမိုင်းဝင်အဆောက်အအုံများနှင့်လမ်းများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင
Apr 24, 2026Latest News
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အ
Apr 24, 2026Latest News
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ဆောင်းပါးကဏ္ဍ
Apr 24, 2026စာရေးသူ ယခုရက်ပိုင်းအတွင်း နားထဲစွဲစွဲမြဲမြဲရှိနေအောင် နားထောင်မိနေသော သီချင်းများက (ဆရာ) မြင့်မိုးအောင်ရေးသားပြီး (ဦး)ဇော်ဝင်းထွဋ်သီဆိုထားသည့် “မျှော်လင့်ချက်ကမ်းခြေ”နှင့် (ဆရာ) ထူးအိမ်သင်ကိုယ်တိုင်ရေးသားသီဆိုထားသော “ရာဇဝင်များရဲ့သတို့သမီး”တို့ ဖြစ်ပါသည်။
Apr 23, 2026စာရေးသူတို့အဖွဲ့ အောင်မြန်မာကျေးရွာဆိပ်ကမ်းကခွာတော့ ည ၇ နာရီဝန်းကျင်ရှိပြီဖြစ်သည်။ ပင်လယ်ပြင်တစ်ခုလုံး မှောင်အတိ။ စာရေးသူတို့ ညအိပ်ရပ်နားမည့် အောင်ဘာကျေးရွာရှိရာ တစ်ဖက်ကမ်းကိုမျှော်ကြည့်မိတော့ မီးရောင်တစ်လက်လက်ဖြင့် အမှောင်ယံကြား ဝင့်ဝင့်ကြွားကြွားရှိနေသော ရွာကလေးကိုလှမ်းမြင်ရသည်။ ခွာခဲ့သည့်ဆိပ်ကမ်းကို လည်ပြန်ကြည့်မိပြန်တော့ မှောင်ပိတ်ပိတ် ပင်လယ်ကမ်းနဖူးရှိ အောင်မြန်မာရွာလေးသည်လည်း မီးရောင်တဖိတ်ဖိတ်ဖြင့် လင်းလက်လျက်။ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း… ကမ်းနဖူးပေါ်ရှိ ရွာလေးနှစ်ရွာကို ညအမှောင်ထဲ လင်းထိန်တောက်ပနေတာ မြင်ရသည်ကပင် စာရေးသူအဖို့မှာ ကြည်နူးစရာ။ ကြည်နူးရသည့် အကြောင်းရင်းကလည်း ရှိသည်ဆိုရမည်။
Apr 23, 2026တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာအစားထိုးသုံးစွဲမှု နည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် စားမြုံ့ပြန်တိရစ္ဆာန်အစာအဖြစ် ပဲမျိုးရင်းဝင်အပင်များ စိုက်ပျိုးထုတ်လုပ်ပြီး ပူးတွဲဆောင်ရွက်အသုံးပြုနေခြင်းအကြောင်းကို ဆက်လက်ရေးသား ဆွေးနွေးလိုပါသည်။ (တကယ်တော့ နိုင်ငံတကာတွင် ဆောင်ရွက်နေသည်မှာ ကြာလှပါပြီ။)
Apr 22, 2026နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးကဏ္ဍဟာ ပင်မရေသောက်မြစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်တွေ အများကြီးလိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ပညာတတ်တွေများကြသလို ပညာတတ်တွေများတဲ့ နိုင်ငံတွေဟာ အခြားနိုင်ငံတွေထက် ပိုပြီးတိုးတက်ကြပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ပညာရေးကဏ္ဍကိုအလေးထားပြီး ပညာရေးရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်နေကြပါတယ်။
Apr 21, 2026တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝ မြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။
Apr 20, 2026မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လယ်ယာစီးပွားစနစ် ရေရှည်တည်တံ့စေရေး ဦးစီးပဲ့ကိုင်သူများမှာ တောင်သူလယ်သမားများပင်ဖြစ်သည်။ နွေအပူရှိန်၊ မိုးရွာသွန်းမှု၊ လေပြင်းမုန်တိုင်းကို ဂရုမမူဘဲ လယ်ယာမြေများတွင် နဖူးကချွေးမြေခသည့်တိုင် စပါး၊ ပဲ၊ နှမ်း၊ ဝါ၊ ကြံ အစရှိသောကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ပေးကြသည်။ သူတို့၏လက်ရုံးရည်နှင့် နှလုံးရည်ကြောင့်သာ နိုင်ငံသူ နိုင်ငံသားအားလုံး၏ နေ့စဉ်အာဟာရ ဝမ်းစာဖြည့်နိုင်ခဲ့ကြသည်။
