မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သည်။


Apr 16, 2025
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

Apr 16, 2025
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။

Apr 16, 2025
နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်ကောင်စီနယ်မြေတွင် အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ယနေ့ကျရောက်သည့် သင်္ကြန်(အကြတ်)နေ့တွင်လည်း ဆက်လက်ကျင်းပလျက်ရှိရာ အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲ ကြသည်။

Apr 16, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ကုသိုလ်၊ ဒါနကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည့်အပြင် မဟာသင်္ကြန်ရေအေးပက်ဖျန်းကာ စုပေါင်းဆင်နွှဲလျက်ရှိကြသည်။

Apr 16, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဘူတန်အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Apr 16, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတွင် ဧပြီ ၁၅ ရက်နေ့အထိ သေဆုံးသူ ၃၆၆၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၂၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိသည်။

Apr 16, 2025
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်းနှင့် ကြီးမားစွာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီတည်းခိုရေးစခန်းများကို တည်ဆောက်ဖွင့်လှစ်ပြီး နေရာချထားပေးလျက်ရှိသည်။

Apr 16, 2025
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင် ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူ များထံ နိုင်ငံတကာမှကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
နောက်ဆုံးရသတင်းများ

Apr 17, 2025Latest News
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္

Apr 16, 2025Latest News
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထာ

Apr 16, 2025Latest News
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ

Apr 16, 2025Latest News
နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်ကောင်စီနယ်မြေတွင် အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ယနေ့ကျရောက်သည့

Apr 16, 2025Latest News
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ကုသိုလ်၊ ဒါနကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည့်အပြင် မဟာသင်္ကြန်ရေအေးပက်ဖျန်းကာ စုပေါင်းဆင်နွှဲလျက်ရှိကြသည်။
ဆောင်းပါးကဏ္ဍ
- Apr 15, 2025ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးပါသည်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ လူ့အသက်ဆုံးရှုံးမှုများနှင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ပါက အဆိုပါနိုင်ငံရှိ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက မူလအခြေအနေသို့ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါသည်။
- Apr 15, 2025၂၈-၄-၂၀၂၅ ရက်နေ့တွင်အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးတို့တွင် အဆိုပါငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရပါသည်။ ထိုဒေသများတွင် နေအိမ်အဆောက်အအုံ တိုက်တာများပြိုကျခြင်း၊ လျှပ်စစ်မီး၊ သောက်သုံးရေကဲ့သို့သော အခြေခံလိုအပ်ချက်များပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။
- Apr 14, 2025အခုတစ်လော အမေရိကန်မီဒီယာအချို့မှာ အသုံးပြုနေတဲ့ ‘Attack Dog’ ဆိုတဲ့ စကားအသုံးအနှုန်းလေး ဆွေးနွေးတင်ပြပါမယ်။ ရိုးရိုးဘာသာပြန်ရင်တော့ ‘Attack Dog’ ဆိုတာ ကိုက်တဲ့ခွေးပေါ့။ တိုက်ခိုက်စီးနင်းတဲ့ခွေးပေါ့။ အဓိပ္ပာယ်အတိအကျကတော့ လေ့ကျင့်ထားတဲ့ခွေး၊ အမိန့်အတိုင်း လိုက်နာတိုက်ခိုက်တဲ့ခွေးဖြစ်ပါတယ်။
- Apr 13, 2025ကျွန်မရဲ့ဇာတိချက်မြှုပ်က ရန်ကုန်ဆိုပေမယ့် အဘိုးအဘွားတွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်း အညာမြေမှာနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝမှာ အဘိုးအဘွားတွေပြောပြတဲ့ ပုဂံငလျင်၊ စစ်ကိုင်းငလျင်စတဲ့ စိတ်လှုပ်ရှားဝမ်းနည်းဖွယ်ရာ အိပ်ရာဝင်ပုံပြင်တွေကို ကြိမ်ဖန်များစွာနားထောင်ရင်း အိပ်စက်ခဲ့ရဖူးပါတယ်။ ဒီငလျင်ဒဏ်ကြောင့် အသက်ခန္ဓာစွန့်လွှတ် ပျက်စီးခဲ့ရတာတွေ၊ မြန်မာ့ရိုးရာအမွေအနှစ် ဘုရားကျောင်းကန် စေတီပုထိုးတွေ ပြိုကျပျက်သုဉ်းခဲ့ရတာတွေကို ကြားရတော့ ဒီအဖြစ်ဆိုးတွေ တစ်သက်တာမှာ မကြုံရ၊ မတွေ့ရ၊ မကြားရစေဖို့ အထပ်ထပ်အခါခါ ဆုတောင်းခဲ့ဖူးပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရဘူးဆိုတာ ငယ်သေးတဲ့ ကျွန်မနားမလည်ခဲ့တာတော့ အမှန်ပါ။
- Apr 12, 2025အဲဒီအချိန်တုန်းက ကျွန်မဟာ မကြာမီကျရောက်တော့မယ့် မြန်မာ့ရိုးရာအတာနှစ်ကူးသင်္ကြန်တန်ခူးပွဲတော် ဆင်နွှဲနိုင်ရေး တိုင်ပင်ဆွေးနွေးကြဖို့ လုပ်ဖော်ကိုင်ဖက်အချို့နဲ့အတူ ကျွန်မတို့ရုံးနှစ်ထပ်ဆောင် မြေညီထပ်ရုံးခန်းတစ်ခုမှာ ရောက်ရှိနေခဲ့ပါတယ်။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ရပ်တချို့၊ ထိုင်တချို့ စကားပြောဆိုနေကြစဉ်မှာပဲ ငလျင်က သိမ့်ခနဲစတင်လှုပ်ခတ်လာပါတယ်။ အစပိုင်းမှာ သစ်သားစားပွဲခုံကြီးတွေကြားထိုင်ချပြီး အကာအကွယ်ယူလိုက် ပေမယ့် ပိုလို့ပိုလို့ ပြင်းပြင်းထန်ထန် လှုပ်ယမ်းလာတာကြောင့် ကြမ်းပေါ်လိမ့်ပြေးနေတဲ့ ရေဘူးကြီးတွေ၊ စာရေးကိရိယာတွေကြားကနေပဲ အခန်းထဲက မနည်းပြေးထွက်ခဲ့ရပါတယ်။