သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ပွဲပြုလုပ်
၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၂ ရက်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ရှိ အသက်(၇၈) နှစ်အထက်သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့များအား မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့ရှိ သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြ သည်။