Oct 05, 2020
၁။ အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက် ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က) ဖြင့် ၁၇-၉-၂၀၂၀ ရက်နေ့မှ ၁၀-၁၀-၂၀၂၀ ရက်နေ့ အထိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။