Skip to main content
Aug 01, 2024
ဆောင်းပါး
နှစ်စဉ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဝါသီးနှံ၏ အရေးပါပုံကို သတိပြုမိကြပြီး လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နှစ်စဉ်ကျင်းပကြသည်။ ကမ္ဘာ့ဝါသီးနှံနေ့ကို နေ့စဉ်လူနေမှုဘဝတွင် ဝါသီးနှံ၏ အရေးပါမှုကို အသိအမှတ်ပြုရန်နှင့် ဝါဂွမ်းကဏ္ဍ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည်။ ယနေ့အထိ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day 2024) အတွက် ဆောင်ပုဒ်ကို မကြေညာသေးသော်လည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day) ၏ ဆောင်ပုဒ်မှာ “လယ်ယာမှသည် ဖက်ရှင်အထိ လူတိုင်းအတွက် ဝါသီးနှံကိုမျှတပြီး ရေရှည်တည်တံ့စေရန် ဖန်တီးကြပါစို့” (''Making cotton fair and sustainable for all, from farm to fashion.") ဖြစ်ပါသည်။ ကုလသမဂ္ဂက ဝါ၏ကဏ္ဍကို မြင်သာစေရန်နှင့် ကုန်သွယ်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်ကို သတိပြုစေလို၍ ကျင်းပခြင်းဖြစ်ပါသည်။
Aug 01, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 31, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 31, 2024
သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနား ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် မည့် အကြမ်းဖက်သမားများအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိသတင်း ကို ၁၇-၆-၂၀၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာရေးသူဖတ်ခဲ့ရသည်။
Jul 31, 2024
ဆောင်းပါး
“မြွေပူရာကင်းမှောင့်၊ ဘူးလေးရာ ဖရုံဆင့်” စသည့်စကားပုံအချို့သည် မြန်မာတို့၏ လူမှုဘဝနယ်ပယ်တွင် ဆိုစမှတ်ရှိကြသည်။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ ဒုက္ခတစ်ခု တွေ့ကြုံခံစားနေရချိန် အခြားသော ပူပင်သောကတစ်ခု ရောက်ရသည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံရှိဒေသ အတော်များများ၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်နေချိန်ရေစီးနှင့်အတူ မျောပါလာတတ်သည့် အဆိပ်ပြင်းမြွေဆိုးများ၏ အန္တရာယ်ကိုလည်း သတိပြုရမည့်အချိန်ဟုပင် ဆိုနိုင်သည်။
Jul 31, 2024
ဆောင်းပါး
နိုင်ငံတော်ဟုသတ်မှတ်ရာတွင် လူဦးရေ၊ နယ်မြေ၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု စသည့်အင်္ဂါရပ်ငါးရပ်ပါဝင်မှ ပြည့်စုံမည်ဖြစ်သည်။ ထိုအင်္ဂါ ၅ ရပ်နှင့်ပြည့်စုံသောနိုင်ငံတော်ကို ယနေ့ကမ္ဘာ့နိုင်ငံအများစုကြုံတွေ့နေရသော ဘက်စုံစစ်ပွဲအသွင်က ကာကွယ်နိုင်ရန်အတွက် နိုင်ငံတိုင်းတွင် ခေတ်မီစွမ်းအားပြည့်ဝသော တပ်မတော်တစ်ရပ် ဖွဲ့စည်းတည်ဆောက်ကြရပါသည်။ နိုင်ငံတိုင်းအတွက်အလို အပ်ဆုံးသော၊ အရေးပါဆုံးသော မရှိမဖြစ်အဖွဲ့အစည်းမှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေသည့် တပ်မတော်ပင်ဖြစ်ပါသည်။
Jul 31, 2024
ဆောင်းပါး
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၁၇ ခုနှစ်တွင် ကျေးလက် လမ်းမဟာဗျူဟာနှင့်အတူ မွေးဖွားလာပြီး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ဦးစီးဌာနဖြစ်ပါသည်။ ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာ ၂၀၁၇-၂၀၃၀ ကို ၂၀၁၇ ခုနှစ်တွင် Asia Development Bank (ADB)၏ အကူအညီဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းရေးဆွဲခဲ့သည်။
Jul 30, 2024
ဆောင်းပါး
ကောက်ရိုးဆိုသည်က စပါးရိတ်သိမ်းပြီး ခြွေလှေ့ကာကျန်ရှိခဲ့သော စပါးရိုးများဖြစ်သည်။ ကောက်ရိုးကို တောင်သူအများစုက တိရစ္ဆာန်အစာအဖြစ် အသုံးပြု ကြပါသည်။ အချို့ကလည်း လယ်မြေထဲတွင် မီးရှို့ပြီး မြေကြီးအာဟာရဓာတ်ရရှိအောင် ပြုလုပ်ကြပါသည်။ သို့သော် ထိုသို့မီးရှို့ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ထုတ်လွှတ်သောကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေပါသည်။ ထို့ပြင် မြေကြီးထဲရှိ အကျိုးပြု အဏုဇီဝပိုးများနှင့် သက်ရှိအများစုကို သေဆုံးနိုင်ပါသည်။ ကောက်ရိုးများကို တိရစ္ဆာန်အစာအတွက်သာမက အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်သည့်နည်းလမ်းပေါင်းစုံရှိနေသည်ကို လေ့လာတင်ပြသွားပါမည်။
Jul 30, 2024
ဆောင်းပါး
ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG 2030) တွင် ပါရှိသော ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။
Jul 30, 2024
အပိုင်း (၂) တွင်ဖော်ပြခဲ့သော United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances က ထုတ်ပြန်ကြေညာထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုး၏ တရားဝင်နှင့် တရားမဝင်အသုံးပြုမှုများကို ဆက်လက်ဖော်ပြသွားပါမည်။