Skip to main content
Mar 13, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 13, 2024
စင်စစ်အားဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အခြေခံစိတ်ဓာတ်သည် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသော စိတ်ဆန္ဒများရှိကြပါသည်။ တည်ငြိမ်အေးချမ်းမှုရှိနေမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအင်အားတောင့်တင်းရန် လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးအင်အားရှိနေမှသာလျှင် ပြည်တွင်း၊ ပြည်ပအဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများကို ဟန့်တားချေမှုန်းနိုင်မည်ဖြစ်သည်။
Mar 13, 2024
ဆောင်းပါး
ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်လိုအား မကျဆင်းရေးအတွက် ဝယ်ယူသူ သို့မဟုတ် စားသုံးသူ၏ စိတ်ကြိုက်ထုတ်လုပ်နိုင်ရေးသည် စီးပွာရေးလုပ်ငန်းများ၏ အဓိကရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအား ဈေးကွက်အတွင်းရှိ စားသုံးသူများ သတိပြုမိစေမည့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ရေးအတွက် ကြော်ငြာအားဖြင့် စားသုံးသူများအကြား ထိုးဖောက်ရန် ကြိုးပမ်းကြသည်။ သို့သော် ကြော်ငြာပါ အချက်အလက်များနှင့် လက်တွေ့တို့ ထပ်တူကျနိုင်ရေး၊ စားသုံးသူများအတွက် တန်ဖိုးရှိသော၊ အသုံးဝင်သော၊ အန္တရာယ်ကင်းသော၊ စိတ်ချယုံကြည်ရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ရန် အရေးကြီးလှသည်။
Mar 13, 2024
ဆောင်းပါး
တပို့တွဲမှာ တပေါင်းရာသီပြောင်းသော်လည်း နံနက်ခင်းလေနုအေးက သန့်ရှင်းလတ်ဆတ်အေးမြဆဲ။ ကုန်းမို့တစ်ခု၊ ခုံးကျော်တံတားတစ်ခုတွေ့လျှင် စက်ဘီးကို တွန်းမသွားဘဲ ရအောင်နင်းတက်မည်ဟူသောစိတ်ဖြင့် စက်ဘီးကို ခပ်သွက်သွက်အားစိုက်နင်းခဲ့မှုကြောင့် စို့ထွက်လာသောချွေးများသည်ပင် နံနက်ခင်း တိုက်ခတ်လာသည့် လေပြည်လေညှင်းတို့ကြောင့် တစ်မုဟုတ်ချင်းအေးမြသွားကာ အမောပြေသွားသည်။
Mar 13, 2024
ယခုမှဖြစ်ပွားသော အထူးအဆန်း ဖြစ်ရပ်တစ်ခုဟုတော့ မပြောနိုင်ပေ။ ယခင်ကလည်း အကြိမ်ကြိမ်အခါခါ၊ မြို့ရွာဒေသများစွာ အလားတူအဖြစ် အပျက်မျိုးက မကြာခဏဆိုသလို မြင်ရ၊ ကြားရ၊ သတင်းဖတ်ကြရသဖြင့် ရိုးနေခဲ့ပြီ။
Mar 12, 2024
ဆောင်းပါး
ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျေးလက်နေတောင်သူများ၏ လယ်ယာလုပ်ငန်းခွင်ဆောင်ရွက်နေမှုများကလည်း ခေတ်မီလာပြီဟုဆိုချင်ပါသည်။ ယခင်အချိန်များက မိရိုးဖလာ ကျွဲ၊ နွားများဖြင့် ထွန်ယက်စိုက်ပျိုးခဲ့ကြရာမှ ယနေ့ခေတ်ဆိုလျှင် လယ်ယာသုံးစက်ကိရိယာများသုံးစွဲကာ စိုက်ပျိုးလုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရပါသည်။ လယ်ယာလုပ်သားရှားပါးမှု၊ အချိန်ကုန်သက်သာမှု၊ ကွက်ပြည့်စိုက်ပျိုးနိုင်မှု၊ အထွက်နှုန်းတိုးတက်မှု၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်နည်းပါးမှုစသည့် ကောင်းကျိုးများကို သိရှိလာကြသော တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုလာမှုသည် ပစ္စက္ခကာလများအတွင်း များပြားလာသည်မှာ ငြင်းဖွယ်မရှိပါ။
Mar 12, 2024
ကုန်သွယ်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသော မောင်းနှင်အားတစ်ခုဖြစ်သည့်အတွက် ဆင်းရဲမှုတိုက်ဖျက်ရေး၌ ပြည်ပကုန်သွယ်ရေးကို လက်နက်ကောင်းတစ်ခုအဖြစ်အသုံးချခဲ့သည့် ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ အနောက်ဘက်အိမ်နီးချင်း၊ သမိုင်းတစ်လျှောက် စားရေရိက္ခာမဖူလုံမှုကြောင့် ဆင်းရဲမှုနှင့်နပန်းလုံးနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်းရဲနွံက ရုန်းထွက်ဖို့ရန် ပြည်ပကုန်သွယ်ရေးကို အသက်ကယ်ကြိုးတစ်ခုအဖြစ်အသုံးချခဲ့သည်မှာ မှန်ကန်ကြောင်း ယခုအခါ သက်သေပြလျက်ရှိပါသည်။
Mar 12, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းမီးလောင်ကျွမ်းမှု ၂၉၁ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဖော်ပြခဲ့သည်။ ထိုမီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတစ်ဆင့် မီးလောင်ကျွမ်းမှုသည် ၆၁ ကြိမ်အထိရှိခဲ့ပြီး ကားမီးလောင်မှုသည်လည်း ၁၀ ကြိမ်ရှိခဲ့သည်။ မတ် ၂ ရက်တွင် ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး စာရင်းထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့သည် ပဉ္စမမြောက်နေရာ၌ရပ်တည်လျက်ရှိသည်။
Mar 11, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 11, 2024
ဆောင်းပါး
ယနေ့ကာလတွင် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်မှ အနက်ရှိုင်းဆုံး သမုဒ္ဒရာများအထိရှိနေကြသည်။ ပလတ်စတစ်အမှုန်များသည် ပင်လယ်သမုဒ္ဒရာ အစိတ်အပိုင်းအားလုံးသို့ စိမ့်ဝင်နေပြီဖြစ်ရာ အသေးငယ်ဆုံးရေသတ္တဝါများမှသည် ဝေလငါးများအထိ ရေသတ္တဝါအားလုံးတွင် တွေ့ရသည်။ စစ်တမ်းများအရ သမုဒ္ဒရာများထဲတွင် မိုက်ခရို ပလတ်စတစ်အပိုင်းအစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် တန်ချိန် ၂၆၉၀၀ အထိရှိသော အပိုင်းအစ ၄၆၀၀၀ ခန့် ရှိနေသည်။ ပလတ်စတစ်အပိုင်းအစ ရှစ်သန်းခန့်သည် သမုဒ္ဒရာများအတွင်းသို့ နေ့စဉ်ရောက်ရှိနေသည်။ ပင်လယ်သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲနှင့် ရေပြင်ရှိ ဂေဟစနစ်များတွင်ဖြစ်ပေါ်နေသော ပလတ်စတစ်ညစ်ညမ်းမှု၏ ၆၀ ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်များကြောင့် ဖြစ်သည်။