Nov 25, 2024

နှစ်ပေါင်းထောင်ချီ ကြာရှည်တည်ပြီး သမိုင်းရှိသည့် မြန်မာစာပေ၊ မြန်မာတို့၏ အမွေအနှစ်ကောင်းတစ်ခု၊ ဂုဏ်ရောင်ထွန်းသည့် မြန်မာစာပေသည် မျက်မှောက်ခေတ်အထိ မတိမ်ကော၊ မပျောက်ကွယ်၊ အခိုင်အမာတည်ရှိဆဲဖြစ်သည်။ ပုဂံခေတ်မှသည် ယနေ့အထိ လူပုဂ္ဂိုလ်အကျော်အမော်စာဆိုပညာရှင်များ ရဟန်းစာဆို ဓမ္မသူရဲကောင်းများကြောင့် မြန်မာစာပေ၊ ကဗျာယဉ်ကျေးမှုသည် အဖိုးတန်ဆဲလှပဆဲဖြစ်သည်။
Nov 24, 2024

၁၈၈၄ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက “ရန်ကုန်အစိုးရအထက်တန်းကျောင်း”ကို “ရန်ကုန်ကောလိပ်”အဖြစ် အမည်ပြောင်းလဲပြီး ကောလိပ်ကျောင်းအုပ်ကြီးအဖြစ် မစ္စတာဂျေအိပ်ချ်ဂေးလ်ဘတ် (Mr. J.H Gilbert) ကို စတင်ခန့်အပ်ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဥပစာတန်း(ဝိဇ္ဇာ)အထိ သင်ကြားပေးခဲ့ပြီး စာမေးပွဲများကို “ကာလကတ္တားတက္ကသိုလ်”က တာဝန်ယူဦးဆောင်စစ်ဆေးခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် “ရန်ကုန်ကောလိပ်”ကို “ရန်ကုန်အစိုးရကောလိပ်”(Yangoon Government College)ဟု အမည်ပြောင်းလဲခဲ့သည်။
Nov 24, 2024

မသန်စွမ်းသူဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ ထိရောက်စွာ ပါ၀င်ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူများကို ဆိုလိုသည်ဟု သိရှိရပါသည်။
Nov 22, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Nov 22, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 22, 2024

အားကစားလောက၊ အားကစားနယ်ပယ်တွင် အောင်မြင်မှုအတိုင်းအတာကို ဆုတံဆိပ်၊ စံချိန်စံညွှန်းများဖြင့်သာ အကဲဖြတ်လေ့ရှိသည်။ ပြိုင်ပွဲအဆင့်အတန်းအပေါ် မူတည်၍ ဆုတံဆိပ်တန်ဖိုး၊ ဂုဏ်သိက္ခာများကလည်း ကွဲပြားခြားနားမှုရှိလေသည်။
Nov 21, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မကြာမီကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားအဆင့်အားကစားပွဲတော်ကြီး ဖြစ်သည်။
Nov 21, 2024

အချိန်ကား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) နံနက် ၁၁ နာရီ။ နေရာကား ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ဗောဓိပင်အရှေ့ရပ်။
Nov 21, 2024

“ စာအုပ်ပေါင်း တစ်သောင်းဖတ်ခြင်းထက် ခရီးမိုင်တစ်သောင်းသွားခြင်းက ပို၍အမြင်ကျယ်၏” ဆိုတဲ့ တရုတ်ဆိုရိုးစကားရှိပါတယ်။ ခရီးသွားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး ပျော်ရွှင်စရာကောင်းသော်လည်း ပင်ပန်းသည်ကတော့ အမှန်ပင်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ပခရီးစဉ် ခြောက်ရက်တာအတွင်း မိုင်ပေါင်း ၄၀၀၀ ကျော်သွားခဲ့ရတဲ့ခရီးတစ်ခုဖြစ်ပြီး နေပြည်တော် - ကူမင်းအသွားအပြန်ခရီးမှာ မိုင် ၁၀၀၀ ကျော်ရှိတဲ့အတွက် တရုတ်နိုင်ငံအတွင်း မိုင်ပေါင်း ၃၀၀၀ ကျော် မနားတမ်းခရီးနှင်ခဲ့ရခြင်းဖြစ်ပါတယ်။ အစည်းအဝေးများ တက်ရောက်ခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်းနှင့် လှည့်လည်ကြည့်ရှုခြင်းများအပါအဝင် မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးမှာ တစ်ရက်ပျမ်းမျှ မိုင် ၅၀၀ ကျော် သွားလာခဲ့ခြင်းဖြစ်တဲ့အတွက် သာမန်လူငယ်များအတွက်ပင် ခက်ခဲ သောခရီးရှည်ဖြစ်၍ ပင်ပန်းလွန်းလှမည်မှာ အသေအချာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အားလပ်ချိန်အလွန်နည်းပါးခဲ့သော်လည်း နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းတဲ့ခရီးစဉ်ဖြစ်သဖြင့် ပင်ပန်းရကျိုးနပ်သည်ဟုဆိုရမှာ ဖြစ်ပါတယ်။
Nov 20, 2024

“အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေး၏ အခြေခံဇာစ်မြစ်မှာလည်း ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ညီညွတ်စွာ၊ အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာတည်ဆောက်ရမည်ဖြစ်ရာ အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း ပြုစုပျိုးထောင်သွားရမည်ဖြစ်ပါသည်။”