Skip to main content
Nov 11, 2024
ပန်းကိုလို၍ အပင်ကိုပျိုးခဲ့သည် ပွင့်သောပန်းတို့ လန်းတော့မည်
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ခဲ့သည်။ မူလတာဝန်မှာ ထိပ်သီးအစည်းအဝေးကြီးများတက်ရောက်ရန်ဖြစ်သော်လည်း အကြီးအကဲမှာ အမိနိုင်ငံတော်အတွက် ထိုမျှနှင့်တင်းတိမ်မရောင့်ရဲနိုင်။ မိမိအနားယူရမည့် ကိုယ်ပိုင်အချိန်များကိုပင်အသုံးပြု၍ တက္ကသိုလ်များ၊ စက်ရုံ၊ အလုပ်ရုံများသို့ မနားမနေ သွားရောက်လေ့လာခဲ့သည်။
Nov 10, 2024
ဆောင်းပါး
အားကစားကဏ္ဍ အောင်မြင်မှုက နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြင့်တက်စေပါသည်။ ယနေ့တိုးတက်လာသည့်ခေတ်ကြီးတွင် အားကစားကဏ္ဍနှင့် ကျန်းမာရေး ဆက်စပ်မှုကို စဉ်းစားကြရာမှ အားကစားနည်းများစွာကို  လူအများကယခင်ထက် စိတ်ဝင်စားမှုရှိလာကြသည်၊ အလေးအနက်ထားလာကြသည်။ ယင်းသည်ပင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အကြောင်းတရားများစွာအနက် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု ဆိုချင်သည်။
Nov 08, 2024
လူသည်တစ်ဦးတည်းနေထိုင်၍မရကြောင်း သမိုင်းဦးအစကပင် သိခဲ့ကြပြီးဖြစ်သည်။ ထိုကာလကတည်းက လူသားတို့သည် အချင်းချင်း အုပ်စုဖွဲ့နေထိုင်ကြပြီး တစ်ဦးချင်း အပြန်အလှန်ဆက်ဆံခြင်း၊ အုပ်စုချင်း အပြန်အလှန်ဆက်ဆံခြင်းများပြုခဲ့သည်။ ထိုမှတစ်ဆင့် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မားလာသည့်အလျောက် မိသားစု၊ ရပ်ရွာအုပ်စု၊ မြို့ပြ၊ နိုင်ငံဟူ၍ ဆက်ဆံရေးနယ်ပယ်များ ကျယ်ပြန့်လာသည်။ ဤတွင် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုများရှိသကဲ့သို့ လူမှုစည်းကမ်းများနှင့် ကိုယ်ကျင့်တရား အယူအဆ သတ်မှတ်ချက်များလည်း ကွဲပြားလာပါသည်။ ၎င်း ကွဲပြားမှုများကို နည်းလမ်းတကျ ညှိနှိုင်းဆောင်ရွက် ၍ ငြိမ်းချမ်းသာယာသောဘဝကို တည်ဆောက်ကြရမည်ဖြစ်သည်။
Nov 08, 2024
ဆောင်းပါး
မြန်မာတစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမလဖြစ်ပြီး ရှေးခေတ်ကျောက်စာတို့၌ “တန်ဆောင်မှုန်” ဟုရေးထိုး၍ ရွတ်ဆိုခေါ်ဝေါ်ရာတွင် “တန်ဆောင်မှုန်း” ဟု ခေါ်ဝေါ်ကြသည်။ ထိုမှတစ်ဆင့် တန်ဆောင်မုန်းဟု ရွေ့လျားလာခြင်းဖြစ်ပေသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
Nov 07, 2024
ဆောင်းပါး
အခါတစ်ပါးတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ရှင်အာနန္ဒာရဲ့လျှောက်ထားမှုကြောင့် မိတ်ကောင်းဆွေကောင်းရဲ့ တန်ဖိုးကြီးမားပုံကို ဟောဖော်ညွှန်ပြခဲ့ဖူးပါတယ်။ အဲဒီမှာ ရှင်အာနန္ဒာက ဘယ်လိုလျှောက်လဲဆိုရင် မိတ်ကောင်းဆွေကောင်းရှိခြင်းက အမှုကိစ္စတို့ကို ၅၀ ရာခိုင်နှုန်း ပြီးမြောက်စေတတ်တယ်ဆိုပြီး ပုထုဇဉ်အတွေးကို မြတ်စွာဘုရားဆီလျှောက်ထားတာပေါ့။ ဒါပေမဲ့ ရှင်အာနန္ဒာရဲ့ အတွေးအခေါ်ကို မြတ်စွာဘုရားက ငြင်းပယ်တော်မူပါတယ်။
Nov 07, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 06, 2024
“ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေး” ဝေါဟာရကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ပြည်သူလူထု (Public) နှင့် စီမံအုပ်ချုပ်ရေး( Administration)ဟူ၍ တွေ့ရပြီး ပြည်သူလူထုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်း နေထိုင်ကြသော လူအများကိုဆိုလိုသည်။ Administration စကားလုံးသည် လက်တင်ဝေါဟာရ “ad ministare” မှ ဆင်းသက်လာပြီး အမှုဆောင်ရန်၊ စေခိုင်းမှုကိုလုပ်ဆောင်ရန် သို့မဟုတ် စီမံပေးရန်ဟူ၍ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု (Public Administration) ဆိုသည်မှာ ပြည်သူလူထု၏ အရေးကိစ္စများနှင့်ပတ်သက်၍ အမှုဆောင်ပေးရန်၊ စီမံခန့်ခွဲလုပ်ဆောင်ပေးရန်ဖြစ်သည်ဟု ဆိုရပေမည်။
Nov 06, 2024
ဆောင်းပါး
တစ်နေ့က နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် ဘာသာပြန်ဆောင်းပါးတစ်ခု ဖတ်လိုက်ရ၏။ BRICS အဖွဲ့အစည်းနှင့်ပတ်သက်၍ ရေးထားသည့် စာဖြစ်၏။ ဒီမတိုင်ခင်က စာရေးသူအနေဖြင့် အဆိုပါ BRICS အကြောင်း အနည်းငယ်အရိပ်အမြွက်သာ သိထားခဲ့သည်။ အဆိုပါ ဘာသာပြန်ဆောင်းပါးဖတ်ပြီးမှ ထိုအဖွဲ့ကြီး၏ အနေအထားနှင့်အရေးပါမှုကို ပိုမိုနားလည်ခဲ့ရသည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါအဖွဲ့ကြီး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြံဆောင်ရန်ဖြစ်ကြောင်း မှတ်သားရသည်။ အဆိုပါရည်ရွယ်ချက် ကောင်းမွန်မှုကြောင့်ပင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသည့်နိုင်ငံများရှိနေကြသည်။ တစ်ဖက်မှာလည်း မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်ချင်နေသော နိုင်ငံများက BRICS ၏ တိုးတက်ဖြစ်ထွန်းလာမှုသည် သူတို့ကိုများ နှောင့်ယှက်ထိပါးလာမလားဟူသော သံသယဖြင့်ရှုမြင်နေကြသည်။ ထိုဆောင်းပါးကို အသေးစိတ်ဖတ်ပြီးသော် စာရေးသူဖျတ်ခနဲ သတိရမိသည်က BRICSနှင့်မခြား ဦးတည်ချက်ခြင်း တူညီမှုရှိသည့် စာရေးသူတို့နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသော ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady- Chao Phraya – Mekong Economic Cooperation Strategy- ACMECS) အကြောင်းကိုလည်း အများပြည်သူသိရှိနိုင်စေရန် မျှဝေလိုပါသည်။
Nov 06, 2024
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၃)ကြိမ် ခရီးကိုရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ဤညီလာခံခရီးစဉ်တစ်လျှောက်တွင် တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းဆေးနှင့် နှီးနွှယ်ပညာရှင်များ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ပြည်သူလူထုကြားတွင် တိုင်းရင်းဆေးကို ပိုမိုအားကိုးအားထားပြုလျက်ရှိကြသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ ပြည်သူလူထု၏ အားပေးမှုနှင့်အတူ နိုင်ငံတော်ကလည်း တိုင်းရင်းဆေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ အားပေးမြှင့်တင်ပေးလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကြီးသည် (၂၃)ကြိမ်မြောက်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) (Myanmar International Convention Center- 2 (MICC-2) တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်အဆင့် ကျင်းပမည်ဖြစ်ပါသည်။
Nov 06, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။