Jun 19, 2025
လူ့အဖွဲ့အစည်းဆိုသည်မှာ လူတစ်ယောက်စီဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၏။ တစ်ဦးစီသော လူသားနှင့် လူနေမှုအဖွဲ့အစည်းကြား ဆက်သွယ်မှုအမျိုးမျိုး ဖြစ်ပေါ်လာ၏။ လူတို့နေသည့် ကမ္ဘာသည် ဆင်းရဲ၊ ချမ်းသာ၊ အယူဝါဒ၊ ဂုဏ်ပကာသန၊ ကျားမဆိုပြီး ခွဲခြားထားသော သဘောရှိသည်။
Jun 19, 2025
ယနေ့ ကမ္ဘာ့အခြေအနေကိုကြည့်လျှင် အဆိုးသံသရာထဲမှာပင် တဝဲလည်လည်ဖြစ်လျက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအချင်းချင်းကြား နိုင်ငံရေးတင်းမာမှုများ၊ ဒေသတွင်းပြိုင်ဘက်နိုင်ငံများ၏ အားပြိုင်မှုများမှတစ်ဆင့် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားလာသည်။ လူမှုအဓိကရုဏ်းများ၊ သဘာဝဘေးအန္တရာယ်များကပါ မကြာခဏထပ်ဆင့်ဖြစ်ပွားလာ၍ ကမ္ဘာကြီးသည် ပူလောင်ဆူပွက်လျက်ရှိသည်။
Jun 18, 2025
နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဆိုသလို နိုင်ငံရေးမှာလည်း ထိုနည်းတူတူ၊ ရန်သူမိတ်ဆွေဆိုတာ ခဏတာပါ။ နိုင်ငံတကာအရေး၊ နိုင်ငံရေးတွေမှာ ထိုသဘောတရားက အတူတူပါ။ အကျိုးစီးပွားချင်းမတူကြခြင်းကြောင့်ဖြစ်ပါတယ်။
Jun 18, 2025
စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအပါအဝင် နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်များ (World-Class Top Universities) ကမ္ဘာကျော်ဖြစ်နေရခြင်း နောက်အကြောင်းရင်းတစ်ခုမှာ -
Jun 18, 2025
၂၀၂၄ ခုနှစ်အတွင်း ကော်မရှင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးရဲ့ Grand Department of Criminal Court Proceeding မှ ဌာနအကြီးအကဲဖြစ်သူ Mr. BAZHUTOV Sergey ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ၂၇-၁၁-၂၀၂၄ ရက်နေ့မှာ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်မှာ လက်ခံတွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်မယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဂတိလိုက်စားမှုနဲ့စပ်လျဉ်းတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်းလို့ ဆွေးနွေးခဲ့ပါတယ်။
Jun 17, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 17, 2025
ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။
Jun 17, 2025
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) တွေကို ၂၀၁၉ ခုနှစ်မှစပြီး ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့ အစည်း ၁၄ ခုမှာ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်အထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ခု၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၅ ခု မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရှိရပါတယ်။
Jun 16, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 16, 2025
“ဃရာဝါသော ဗဟုကိစ္စော- ကိစ္စမြားမြောင်လူတို့ဘောင်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ နိစ္စဓူဝကိစ္စအမျိုးမျိုးဖြင့် အချိန်ကုန်နေရသည့် လူ့ဘောင်လောကလူ့ဘဝတွင် လူသားတို့အနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အချိန်ပေးရမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင် အပါအဝင် လူ့ဘောင်လောက လူ့ဘဝကိုအကျိုးပြုနိုင်မည့် အလုပ်ဟုဆိုလိုက်ပါလျှင် “ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း” စသည့် ကိုယ်ကျိုး ကိုဘေးဖယ်ထားပြီး အများအကျိုးကို ဦးတည်ဆောင်ရွက်ရသည့် အလုပ်များကိုသာ ပြေးမြင်မိကြသည်။ ထိုကဲ့သို့သော လူမှုပတ်ဝန်းကျင်တွင် အများအကျိုးကိုဦးတည်သည့် ပရဟိတလုပ်ငန်းများအနက် ကိုယ်ကျိုးကိုလည်းပြည့်ဝစေ၊ အများအကျိုးကိုလည်း ဖြစ်စေသည့် အလုပ်များလည်းရှိတတ်သည်။
