Oct 21, 2024

တိုင်ဖွန်းမုန်တိုင်းရာဂီဟာ တောင်တရုတ်ပင်လယ်အတွင်း ဩဂုတ် ၃၁ ရက်တွင် စတင်အစပျိုးခဲ့ပြီး ယင်းမှတစ်ဆင့် အားကောင်းသောတိုင်ဖွန်းမုန်တိုင်း အသွင်ကူးပြောင်းသွားခဲ့ကာ စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ၊ စက်တင်ဘာ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံတို့ကို လေတိုက်နှုန်းပြင်းအား တစ်နာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပျက်စီးမှုများစွာရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၆ ရက်တွင် ရာဂီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူ ၁၆ ဦး၊ ပျောက်ဆုံး ၁၇ ဦး၊ ဒုက္ခသည်ပေါင်း ၂၇၀ နှင့် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းပြည်နယ်အချို့ရှိ လူပေါင်းနှစ်မီလီယံခန့် မုန်တိုင်းဒဏ်ခံစားခဲ့ရပြီး ယွမ် ၃၂ ဒသမ ၇ ဘီလီယံခန့် အမေရိကန်ဒေါ်လာ (၄ ဒသမ ၆) ဘီလီယံခန့် ဆုံးရှုံးခဲ့ရပါတယ်။ စက်တင်ဘာ ၂၈ ရက် စာရင်းအရ ဗီယက်နမ်နိုင်ငံမှာတော့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအနေဖြင့် သေဆုံးသူ ၂၉၉ ဦး၊ ပျောက်ဆုံးသူ ၃၄ ဦး၊ အိုးအိမ်၊ စက်ရုံအလုပ်ရုံ၊ လမ်း၊ တံတားနှင့် စိုက်ပျိုးမြေများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဗီယက်နမ်ဒေါင် ၈၁ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံခန့်) ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာတော့ ပြည်နယ်ခုနစ်ခုမှာ သေဆုံးသူ ၄၂ ဦး (ရေကြီးမှုကြောင့် ၁၉ ဦး၊ မြေပြိုမှုကြောင့် ၂၃ဦး)၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦး၊ အိမ်ထောင်စုပေါင်း ၂၈၀၀၀ ကျော် ပျက်စီးခဲ့ပြီး ကလေးငယ်ပေါင်း ၆၈၀၀၀ ခန့် မုန်တိုင်းဒဏ်ခံစားခဲ့ရပါတယ်။
Oct 21, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 20, 2024

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ရေခဲများအရည်ပျော်၍ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ရောဂါဘယများထူပြောခြင်း၊ အစားအစာနှင့် သောက်သုံးရေရှားပါးခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် လူနှင့်တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း၊ အပင်ရောဂါကြောင့်ဖြစ်စေ၊ ပိုးမွှားတိရစ္ဆာန်များကြောင့်ဖြစ်စေ၊ ပျိုးခင်းစိုက်ခင်းများပျက်စီးခြင်း၊ ဓာတုပစ္စည်းကြောင့်ဖြစ်စေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ယိုဖိတ်မှုကြောင့်ဖြစ်စေ၊ စက်မှုလုပ်ငန်းနှင့် အဏုမြူကြောင့်ဖြစ်စေ ပြည်သူတို့၏အခြေခံအဆောက်အအုံများ၊ အသက်အိုးအိမ်ပစ္စည်း၊ အသက်မွေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့်လုံခြုံရေးကို ထိခိုက်ပျက်စီးမှုများလည်းပါဝင်သည်။ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုအသိုင်းအဝိုင်းများ၏ သာယာဝပြောရေးကို အာမခံရန်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာ လျှော့ချနိုင်ပါသည်။
Oct 20, 2024

ရုပ်ကြွင်းလောင်စာများ ရှားပါးလာတာနဲ့အမျှ သိပ္ပံသုတေသီပညာရှင်များက စွမ်းအင်သစ်ကို အမျိုးမျိုးစမ်းသပ်ရှာဖွေလာကြပါတယ်။ ရုပ်ကြွင်းလောင်စာများဖြစ်တဲ့ ရေနံကိုအခြေခံတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကလည်း ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေက ရေနံကိုလျှော့ထုတ်ပြီး စျေးကစားနေတဲ့အတွက်ကြောင့် ယနေ့ခေတ်ကမ္ဘာ့ရေနံစျေးကလည်း အဆမတန် မြင့်တက်လာနေတာ သတိပြုမိပါတယ်။
Oct 20, 2024

စားရေရိက္ခာဆိုသည်မှာ သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် လိုအပ်သော အာဟာရဖြစ်စေသည့်အရာများကို ဆိုလိုပါသည်။ လူတို့နေ့စဉ်သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကလိုအပ်သောစွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ်ပါ သည်။ အစားအစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံအကျဆုံးလိုအပ်ချက်လည်း ဖြစ်ပါသည်။
Oct 19, 2024

သင်ဟာ ဘယ်သန်လား၊ ညာသန်လား၊ သင့်ကိုယ်သင် သိပါရဲ့လား။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ သဘောထားကို လေ့လာကြည့်ရင် သင်ဟာဘယ်သန်လား၊ ညာသန်လားဆိုတာ တန်းသိနိုင်လောက်တဲ့နည်းတွေ ဖတ်ရှုလေ့လာခဲ့ဖူးပါတယ်။
Oct 19, 2024

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ လူသားတစ်ဦးချင်းစီ၏ အသက်သွေးကြောဖြစ်သည့် ပညာရေးပင်ဖြစ်ပေရာ နိုင်ငံ၏ပညာရေးစနစ်ကို ဦးစားပေးကဏ္ဍအဖြစ် အလေးပေးလုပ်ဆောင်လာနေကြသည်။ “ပညာသမာ အာဗာနတ္ထိ - ပညာနှင့်တူသော အလင်းရောင်သည်မရှိ” ဟု ဆိုထားပေရာ စာပေသည်လူသားတိုင်း၏ မီးရှူးတန်ဆောင်အလင်းရောင်ပင် ဖြစ်ပေသည်။
Oct 18, 2024

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Social Policy and Poverty Research Group တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရ ဆင်းရဲတဲ့ပြည်သူတွေ၊ လုပ်ကွက်ငယ်တောင်သူတွေဟာ ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း၊ နည်းပညာလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အခြားစစ်တမ်းတွေမှာလည်း ဒီလိုပဲတွေ့ရတဲ့အတွက် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ သွင်းအားစုတွေထောက်ပံ့ပေးနိုင်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ တောင်သူတွေရဲ့ လိုအပ်ချက်ကိုသိရှိပြီး ဖြည့်ဆည်းပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
Oct 18, 2024

“စာပေရေးသားကြရန် ဝါသနာပါသူများကို စာရေးသားနည်း အခြေခံသဘောတရားများ သင်ကြားပေးခြင်းအားဖြင့် စာပေလောကသား မျိုးဆက်သစ်များ တိုးပွားများပြားလာပြီး စာပေလောကဖွံ့ဖြိုးတိုးတက်စေရန်” ဟူသော ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းက “စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများ”ကို တစ်နှစ်လျှင်တစ်ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၁၀ နှစ် (၁၀)ကြိမ် အောင်မြင်ခဲ့ပြီး ယခု(၁၁)ကြိမ်မြောက် သင်တန်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချပေးရန် စီစဉ်နေကြလေပြီ။
Oct 18, 2024

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို မိမိတို့ကိုယ်ပိုင် အနုသုခုမယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ လူမှုအမူအကျင့်၊ ဝတ်စားဆင်ယင်မှု၊ မိခင်ဘာသာစကား၊ စာပေသမိုင်းကြောင်းတွေကို အလေးအနက် တန်ဖိုးထားလေ့ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဘုံစံတန်ဖိုးများဖြစ်တဲ့အပြင် ဂုဏ်ယူစရာ သမိုင်းအမွေအနှစ်တွေအဖြစ် မျိုးဂုဏ်မြင့်မားစေတဲ့အတွက် ဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးရယ်လို့ မော်ကြွားနိုင်တဲ့ ထိုထိုလက္ခဏာရပ်တွေကို သမိုင်းစဉ်ဆက် ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လည်း ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးရယ်လို့ အမြဲဂုဏ်ယူစရာဖြစ်ခဲ့ကြရတယ်။