Skip to main content
Aug 14, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 13, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 13, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Aug 13, 2024
ဆောင်းပါး
ယခုအခါ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ပညာသင်နှစ်ပြန်လည်စတင်ခဲ့သည်မှာ သုံးလတာကာလထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဤတွင် ကျောင်းသား ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ယူနိုင်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု သိမှတ်ထားကြပါသည်။ ကျန်းမာမှသာ လူမှုကိစ္စအဝဝကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော ကြောင့်ပင်ဖြစ်သည်။ ကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်လာရေးသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအဆင့်မြှင့်တင်ပေးနိုင်မှုအပေါ် မူတည်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေး အလေ့အကျင့်ကောင်းများသည် ကျောင်းသားအရွယ်မှစတင်၍ ဆောင်ရွက်နိုင်မှသာ အနာဂတ်လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းမှုရလဒ်များ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Aug 13, 2024
ဆောင်းပါး
မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာသည် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပုဂံခေတ်ရှေးဟောင်းစာပေအထောက်အထားတို့အရ ပန်းယွန်းအနုပညာအပါအဝင် ပန်း ၁၀ မျိုး အတတ်ပညာကို ပုဂံခေတ်ကတည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုထားကြောင်း လေ့လာမှတ်သားရသည်။ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး အနုပညာတို့ကို အသေးစိတ်လေ့လာကြည့်ပါက ဘာသာရပ်တစ်ခုနှင့် တစ်ခုသည် ဆက်စပ်နှီးနွှယ်ပါဝင်ပေါင်းစပ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ပန်းပု၊ ပန်းပွတ်၊ ပန်းရန်၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းပဲအတတ်ပညာတို့ကို ပုဂံခေတ်မတိုင်မီကာလ ပျူခေတ် (ဘီစီ ၂ ရာစု၊ အေဒီ ၉ ရာစု) ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုအထောက်အထားနှင့်တကွ ဂုဏ်ယူစွာ တင်ပြအပ်ပါသည်။
Aug 13, 2024
၅-၈-၂၀၂၄ ရက်နေ့က ပြောကြားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၅ မိနစ်ကြာမိန့်ခွန်းမှာ တစ်နိုင်ငံလုံးရဲ့ လက်ရှိလုံခြုံရေးအခြေအနေကို သံတမန်ဆန်ဆန်နဲ့ လွှမ်းခြုံပြောသွားတဲ့ စကားက ရှင်းပါတယ်။ ခွဲခြမ်းစိတ်ဖြာတတ်ရင် ဘာကိုဆိုလိုသလဲဆိုတာ ရှင်းပါလိမ့်မယ်။
Aug 12, 2024
ဆောင်းပါး
ဒီရေရောက်သစ်တော (ခေါ်) ဒီရေတောဆိုသည်မှာ လမုတောများ အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာအရေးကြီးသည့်အပြင် ဒီရေတောများကို စနစ်တကျကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ်တစ်ခုလည်း ဖြစ်ပါသည်။
Aug 12, 2024
ဆောင်းပါး
“ရာသီသိဟ်ငယ်၊ နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်မြတ်ထွဋ်စွန်၊ သရဝဏ်လည်း၊ ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန် ဘွဲ့သည်ချိန်ကို၊ ဒေဝရိန်ပဇ္ဇုန်မှူးငယ်က၊ မြူးလှတယ်လေး” စသည်ဖြင့် ဖိုးသူတော်ဦးမင်းက ဝါခေါင်လဘွဲ့လွမ်းချင်းတစ်ပုဒ်ကို ရေးသားခဲ့သည်။ ဝါခေါင်လသည် ဗေဒင်အလိုအားဖြင့် သိဟ်ရာသီတွင်ကျရောက်ပြီး သရဝဏ်နက္ခတ်သည် အာကာပြင်တောင်အရပ်တွင် ထွန်းလင်းနေသည်။ ပဇ္ဇုန်မိုးသည် မြူးထူးရွှင်ပျစွာဖြင့် ရွာသွန်းနေသည်။ ခတ္တာ ပန်းများ လှိုင်လှိုင်ဖူးပွင့်ကြပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် စာရေးတံအလှူပွဲကို ဆင်နွှဲကြသည်။
Aug 12, 2024
ဆောင်းပါး
မိုးရာသီကာလအတွင်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်များ၏ အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်စဉ် မြစ်ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ ထိုသို့ မြစ်ရေကြီးမှုဖြစ်ပေါ်လာပါက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ရေဝင်ဒေသများ၊ ရေဘေးကာကွယ် ဧရိယာပြင်ပအနိမ့်ပိုင်းမြို့ရွာများ၊ နိုင်ငံအထက်ပိုင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာဒေသများ၊ အလယ်ပိုင်းရှိ မန္တလေးနှင့်ပုဂံ-ညောင်ဦးဒေသများနှင့် အောက်ပိုင်းရှိ ပြည်၊ မိုးညို၊ သာယာဝတီ၊ လက်ပံတန်း၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ သာပေါင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး အစရှိသည့် မြို့နယ်ဒေသများတွင် ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်နီးပါး တွေ့ကြုံရင်ဆိုင်ရလေ့ ရှိပါသည်။
Aug 12, 2024
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစူးစိုက်မှုရရှိစေရန်နှင့် ယနေ့ခေတ် ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် မိတ်ဖက်များအဖြစ် လူငယ်များ၏ စွမ်းဆောင်ရည်များနှင့် ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုရန်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ်စတင်၍ ကုလသမဂ္ဂကသတ်မှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၂၄) ကြိမ်မြောက်ဖြစ်သည်။ အဆိုပါနေ့ဖြစ်ပေါ်လာရခြင်း၏ ရည်ရွယ်ချက်သည် လူငယ်များမိမိမွေးဖွားရာနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များကို အာရုံစိုက်လာစေရန်ဖြစ်သည်။