Mar 04, 2025
ပေါက်ပန်း၊ လဲပန်း၊ ဆူးပန်းတို့ ဖူးပွင့်ခဲ့လေပြီ။ ပြာသိုမှာ ခွာညိုပန်းတို့ သင်းရနံ့လှိုင်ခဲ့ကြသလို တပို့တွဲလအခါသမယတွင်လည်း ပေါက်၊ လဲ၊ ဆူးတို့ မြူးကြွစွာ ဖူးပွင့်ခဲ့လေပြီ။
Mar 04, 2025
ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် (WFEO) သည် ကမ္ဘာ့အင်ဂျင်နီယာများအတွက် ဂုဏ်ပြုသည့်နေ့ တစ်နေ့ရှိသင့်သည်ဟု အဆိုပြုခဲ့ပြီး WFEO သည် UNESCO ထံ “Engineering for a Sustainable World” ဆိုသည့် ကမ္ဘာကြီးအတွက် အရေးကြီးသော သဘောတရားကို တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်တွင် UNESCO အဖွဲ့သည် WFEO ၏ အဆိုပြုချက်ကို လက်ခံခဲ့ပြီး မတ်လ ၄ ရက်နေ့ကို ကမ္ဘာ့အင်ဂျင်နီယာများနေ့ (World Engineering Day for Sustainable Development) အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် UNESCO ၏ အာရှ - ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့က ကြီးမှူး၍ အွန်လိုင်းဖြင့် စတင်ကျင်းပခဲ့ပြီး ယင်းနောက် ၂၀၂၂ ခုနှစ်တွင် ကော်စတာရီကာနိုင်ငံ၊ ၂၀၂၃ ခုနှစ်တွင် စပိန်နိုင်ငံ၊ ၂၀၂၄ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံတို့၌ အသီးသီးလက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် UNESCO ၏ ရုံးချုပ်တည်ရှိရာ ပဲရစ်မြို့၌ ကျင်းပမည်ဖြစ်ပါသည်။
Mar 04, 2025
အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်းစစ်ဆေးခြင်း (Post Clearance Audit) လုပ်ထုံးလုပ်နည်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့စွဲ ပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/၂၀၁၇) အရ ထုတ်ပြန်ကြေညာခဲ့ပါသည်။
Mar 04, 2025
ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်ချိန်တွင် တောင်သူများဈေးနှိမ်ခံနေရခြင်းက အစဉ်အလာသဘောဖြစ်နေခြင်းသည် ငြင်း၍မရသော ပကတိအရှိတရား ဖြစ်နေပါသည်။ တောသူတောင်သားဘဝ အမြဲတမ်းလိုလို ငွေကြေးလိုအပ်ချက်ဖြစ်ပေါ်နေ၍ ပေါ်ပေါ်ချင်းရောင်းချလိုက်ရသကဲ့သို့ သီးနှံများအား အဆင့်မြင့်တာရှည်ခံ နည်းပညာနှင့် စက်ကိရိယာများမရှိ၍ ရောင်းချနေခြင်းက တောင်သူအများစု ကြုံတွေ့နေရခြင်းလည်းဖြစ်ပေသည်။
Mar 03, 2025
MSME ဆောင်းပါးများ ရေးနေရင်းက “မိုခါ” ကို သတိရစရာတွေ ပေါ်လာပြန်ပါသည်။ “မိုခါ” မုန်တိုင်း ဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဂုဏ်ပြုဆောင်းပါးများရေးခဲ့စဉ်က ဝန်ကြီးဌာန (၁၃) ခုနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့အတွက် တစ်ပုဒ်စီ သီးခြားဖော်ပြပေးခဲ့ပါသည်။
Mar 02, 2025
CNG သည် သဘာဝဓာတ်ငွေ့အား လေထုဖိအား၏ အဆ ၂၀၀ ဖြင့် ဖိသိပ်၍ အိုးအတွင်းထည့်သွင်းထားသည့် ဖိအားအလွန်မြင့်သည့် ဓာတ်ငွေ့ဖြစ်ရာ ပေါက်ကွဲမှုများဖြစ်ပွားပါက အင်အားပြင်းထန်သည့် ဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ ပတ်ဝန်းကျင်ရှိ ပြည်သူများအား ထိခိုက်ပျက်စီးစေနိုင်ကြောင်း သိရှိထားရန် လိုအပ်ပါသည်။
Mar 02, 2025
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောမြစ်ကြီးလေးစင်းအနက် အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားကြသော ဧရာဝတီမြစ်မှာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ဟိမဝန္တာရေခဲတောင်များမှ မြစ်ဖျားခံစီးဆင်းလာသော နမ့်မိုင်ခ (ခေါ်) မေခမြစ်နှင့် မလိခမြစ်တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတွင် ပေါင်းဆုံပြီး နိုင်ငံ၏ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းကာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စီးဝင်ပါသည်။
Mar 01, 2025
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ရေတိုရေရှည်အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Feb 28, 2025
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကြီး ကျင်းပပြုလုပ်ပြီးစီးသွားသည်မှာ ရက်သတ္တပတ်ကျော်ခဲ့ပြီဖြစ်၏။ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စက်မှုဝန်ကြီးဌာနက ဦးဆောင်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၏ ပူးပေါင်းပါဝင်မှု၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကဲ့သို့ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုတို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
Feb 27, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
