Skip to main content
Aug 29, 2024
နိုင်ငံခြားငွေဆိုတာ မိမိတို့နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံက အသိအမှတ်ပြုထုတ်ဝေသုံးစွဲတဲ့ ငွေကြေးကိုဆိုလိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သုံးစွဲနေတဲ့ နိုင်ငံအလိုက် ငွေကြေးအမျိုးမျိုးအနက် နိုင်ငံအများအပြားက သုံးစွဲကြတဲ့ နိုင်ငံခြားငွေတွေ တစ်နိုင်ငံမှ အခြားနိုင်ငံသို့ စီးဆင်းရွှေ့ပြောင်းမှုများဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် အင်မတန်မှအရေးပါပါတယ်။ ကမ္ဘာ့မှာ အများဆုံးအရောင်းအဝယ်ပြုလုပ်နေကြတဲ့ ထိပ်တန်းနိုင်ငံခြားငွေကြေး ၁၀ မျိုးကတော့ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ ပေါင်စတာလင်၊ ဩစတြေးလျဒေါ်လာ၊ ကနေဒါဒေါ်လာ၊ ဆွစ်ဖရန့်၊ တရုတ်ယွမ်၊ ဟောင်ကောင်ဒေါ်လာနဲ့ နယူးဇီလန်ဒေါ်လာတို့ပဲဖြစ်ပါတယ်။ အဆိုပါငွေကြေးများနဲ့ တစ်ကမ္ဘာလုံးမှာ တစ်နေ့ပျမ်းမျှရောင်းဝယ်မှုပြုနေတဲ့ပမာဏကို လေ့လာကြည့်ပါက အောက်ပါအတိုင်းတွေ့ရှိရပါတယ် -
Aug 28, 2024
သူငယ်ချင်းတို့ရဲ့ ပအိုဝ်းဒေသ ထာဝရအေးချမ်းပါစေ
ကျွန်တော့်ရှေ့မှာ ထိုင်နေကြသော ပအိုဝ်းတိုင်းရင်းသား တိုင်းရင်းသူတွေထဲမှာ အသက်အရွယ်အားဖြင့် ၅၀ ကျော် ၊ ၆၀ တန်းတွေ ပါဝင်နေသောကြောင့် အထက်ပါပုဂ္ဂိုလ်နှစ်ဦး၏ အမည်ကို ကျွန်တော်ကအမှတ်ရစွာမေးလိုက်မိသလို၊ သူတို့ကလည်း သတိရစွာတညီတညာတည်း ဖြေကြသည်။ မှတ်မိပါသည်…တဲ့။ နေရာကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ မဲနယ်တောင်တန်းပေါ်မှာ။
Aug 28, 2024
ပုဂံဒေသရှိ နှစ်ထပ်လွှမ်းစေတီနှင့် ဂူဘုရားများ
ပုဂံမြို့ဟောင်းဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ညောင်ဦးမြို့နယ်တွင် တည်ရှိသည်။ မြန်မာ့ရှေးဟောင်း ရာဇဝင်ကျမ်းများဖြစ်ကြသည့် တွင်းသင်းရာဇဝင်၊ မှန်နန်းရာဇဝင်နှင့် ဦးကုလား ရာဇဝင်တို့၌ ပုဂံနှင့်ပတ်သက်၍ အေဒီ (၁၀၇) ခုနှစ်တွင် သမုဒ္ဒရာဇ်မင်းသည် ပုဂံမင်းဆက်ကို စတင် ခဲ့ပြီး နှစ်ပေါင်း ၁၂၀၀ ကျော်ကာလအတွင်း ပုဂံနိုင်ငံတော်ကြီးတွင် မင်းဆက်ပေါင်း ၅၅ ဆက် စိုးစံအုပ်ချုပ်ခဲ့သည်။ ပုဂံခေတ်တွင် မြန်မာ့အနုပညာနှင့် ဗိသုကာလက်ရာများ အထွတ်အထိပ်သို့ ရောက်ရှိသည့်ကာလမှာအေဒီ ၁၁ ရာစုမှ ၁၃ ရာစု အတွင်းကာလဖြစ်ပေသည်။ ပုဂံမင်းတို့သည် ပုဂံဒေသ၌ နန်းတော်ရာပေါင်း လေးနေရာခန့် ရွှေ့ပြောင်းနန်းစိုက်ခဲ့ကြသည်။
Aug 28, 2024
စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ မြေဆီလွှာထိန်းသိမ်းစို့
အပင်များရှင်သန်ကြီးထွား ဖြစ်ထွန်းအောင်မြင်ရန် အဓိကအားဖြင့် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြည့်စုံ ကောင်းမွန်ရန် လိုအပ်ပါသည်။ အဆိုပါ လေးမျိုးအနက် မြေဆီလွှာ(Soil)သည် အပင်များ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုသော အပေါ်ယံမြေလွှာဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြေဆီလွှာဆိုသည်မှာ ကြေကွဲပျက်စီးနေသော သတ္တုများ(Minerals)၊ ဆွေးမြည့်နေသည့် အော်ဂဲနစ်ပစ္စည်းများနှင့် အလွှာအမျိုးမျိုးပါသော သဘာဝမြေသားကို ဆိုလိုပါသည်။ ပြိုကွဲကြေပျက်ပြီးသော တွင်းထွက်သတ္တုများနှင့် ဆွေးမြည့်သက်ရှိပစ္စည်းများ ရောနှောပါဝင် ဖွဲ့စည်းထားသော အရင်းအမြစ်လည်းဖြစ်သည်။ မြေဆီလွှာသည် အစားထိုးမရသော သဘာဝသယံဇာတဖြစ်ပြီး အပင်များကြီးထွားရန်အတွက် အထောက်အကူပြုသည့် ကမ္ဘာ့အပေါ်ယံရှိ အလွှာပါးဖြစ်ပါသည်။ မြေဆီလွှာသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် နေထိုင်စရာတို့ကို ထောက်ပံ့ပေးနေသည့် သဘာဝသယံဇာတဖြစ်ပါသည်။
Aug 28, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 27, 2024
ဆောင်းပါး
ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေထဲမှာ လေထုညစ်ညမ်းမှုဟာလည်း ပိုမိုကြီးမားလာနေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ လေထုထဲမှာ မလိုလားအပ်တဲ့ ဓာတုပစ္စည်းနဲ့အခြားအရာတွေ ရောနှောပါဝင်နေတာကြောင့် လေရဲ့အရည်အသွေးကျဆင်းခြင်းကို လေထုညစ်ညမ်းမှုလို့ ခေါ်ဆိုကြပါတယ်။
Aug 26, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Aug 26, 2024
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် EAO အဖွဲ့အချို့သည် အခွင့်ကောင်းအဖြစ် ယူဆ၍ တစ်ချိန်တစ်ခါက လက်ကိုင်ထားခဲ့သည့် တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း ဖော်ဆောင်လာခဲ့ကြသည်။
Aug 26, 2024
စာရေးသူနေထိုင်ရာမြို့တွင် ယခုရက်ပိုင်း အများပြည်သူစီးနင်းသော မြို့ပတ်လိုင်းကားများ လူပြည့်သည်။ လူပြည့်သည်ဆိုရာ၌ ကျောင်းသွားကျောင်းပြန်၊ အလုပ်သွားအလုပ်ပြန်၊ ဈေးသွား ဈေးပြန်နံနက်၊ ညနေတို့သာမက လူသွားလူလာကျဲပါးသည့် နေ့လယ်ပိုင်းတွင်ပါ လူပြည့်ခြင်းဖြစ်သည်။
Aug 26, 2024
(ဂ) Availability (ဒါမျိုးကြီးတွေပဲရရှိနေမှု)။ မီဒီယာမှာ ဒါကိုပဲထပ်တလဲလဲ တွေ့နေရတော့ ဟုတ်မှာပဲလို့ အမှန်ထင်သွားတတ်တာမျိုး ဥပမာအားဖြင့် ငါးမန်းကိုက်ခံရတဲ့ နောက်ဆုံးသတင်း အသစ်တစ်ခုကို ကြားသိလိုက်ရတာနဲ့ပဲ ပင်လယ်ထဲရေကူးတဲ့အခါမျိုးမှာ စိတ်မလုံမခြုံ ဖြစ်လာတတ်တာမျိုး၊ ရောဂါအသစ်အဆန်းတစ်ခုဖြစ်နေတဲ့ သတင်းကြားသိခဲ့ရင် ကိုယ့်မှာများ အဲဒီလိုရောဂါဆန်းရှိနေသယောင် ထင်မြင်မိတာမျိုးစတာတွေပဲ ဖြစ်ပါတယ်။ ဒီအစွဲကို ရှောင်ရှားနိုင်ဖို့အတွက် ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ ဖြစ်နိုင်ခြေနှုန်းထားရှိတာကို သတိပြုဖို့လိုအပ်သလိုပဲ သီးခြားဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ဆိုရင် ကိုယ့်ဆီမှာကောင်းမွန်တဲ့ အကြောင်းပြချက်တွေလည်း ရှိထားရပါမယ်။