Feb 10, 2025

တိုင်းရင်းသားလူငယ်လေးတစ်ယောက် သူ့ပစ္စည်းတွေကို ကြော်ငြာပြီး ဈေးရောင်းနေတာလေးကို တွေ့တော့သဘောကျမိပါသဗျ။ သူရောင်းနေတဲ့ပစ္စည်းတွေက တွေ့မိသလောက်တော့ မွေ့ရာတွေနဲ့ ရုံးသုံးကုလားထိုင်တွေပါ။ မွေ့ရာတွေဆိုတာကလည်း ဟို... နာမည်ကြီး ဒန်းလော့လို မွေ့ရာမျိုးတွေ၊ ရုံးသုံးကုလားထိုင်တွေဆိုတာကလည်း ကုမ္ပဏီရုံးခန်းတွေမှာ တွေ့ရတတ်တဲ့ ခေတ်မီပုံစံမျိုးတွေ။ ဒါပေမယ့် နိုင်ငံခြားက သွင်းပြီးရောင်းတာမဟုတ်ဘူး။ “မြန်မာပြည် တွင်လုပ်သည်” “Made in Myanmar” ပစ္စည်းတွေပါလို့ သူက ကြော်ငြာပြီး ရောင်းနေတာပါ။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ပျက်ရင်လည်း ပြန်ပြင်လို့ရတယ်။ ရောင်းပြီး ပြီးရောမဟုတ်ဘဲ နောက်ဆက်တွဲဝန်ဆောင်မှုတွေလည်း ပေးနိုင်တယ်လို့ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ကြော်ငြာပြီးရောင်းနေတာပါ။
Feb 09, 2025

မြန်မာနိုင်ငံသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် နှစ်ပေါင်းထောင်ချီ ရပ်တည်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီ၍ တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်သည် မရှိအတူရှိအတူ အေးအတူပူအမျှ စုပေါင်းနေထိုင်ခဲ့ကြသည်။ သို့သော် မြန်မာတို့သည် နှစ်ပေါင်း ၁၂၄ နှစ်ကြာ အချုပ်အခြာအာဏာ(ဝါ) လွတ်လပ်ရေးဆုံးရှုံးကာ အင်္ဂလိပ်နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၂၀ ကျော်၊ ဖက်ဆစ် ဂျပန်လက်အောက်တွင် သုံးနှစ်ခန့် သူ့ကျွန်ဖြစ်ခဲ့ရသည်။
Feb 09, 2025

၁၈ ရာစုနောက်ပိုင်း ပထမစက်မှုတော်လှန်ရေးဖြစ်ပေါ်လာပြီး လက်မှုပညာနှင့် လယ်ယာလုပ်ငန်းများမှ စက်မှုအခြေပြုထုတ်လုပ်မှုစနစ်များ ထွန်းကား လာခြင်းကြောင့် MSME စတင်ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ အထူးသဖြင့် အထည်အလိပ်၊ အသေးစားစာပေထုတ်လုပ်မှုလုပ်ငန်း၊ အသေးစားသံမဏိထုတ် လုပ်ငန်းများပေါ်ထွန်းလာသည်။
Feb 07, 2025

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှ ပင်မကုန်းမြေပေါ်ရှိ နိုင်ငံအားလုံးတွင် အကျယ်ဆုံးဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်တွင် ၄၀ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံအင်အားကြီးလျှင် ကြီးသလောက် တန်ခိုးဩဇာဖြန့်ကြက်နိုင်ခဲ့ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့တို့သို့ပင် ကျော်လွန်ရောက်ရှိခဲ့သည်။
Feb 05, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတဒေါ်နယ်ထရမ့်သည် ၄၇ ဦးမြောက် အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒုတိယအကြိမ်ဖြစ်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် သမ္မတဘိုင်ဒင်စတက်ကတည်းက အုတ်အော်သောင်းတင်း ကက်ပီတယ်စီးနင်းမှုမှာ ထရမ့်ပါဝင်မှုမကင်းဆိုသည့် စွပ်စွဲချက်များနှင့်အတူ ထရမ့်နှင့် ဘိုင်ဒင်၊ ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တို့၏ ပြိုင်ဆိုင်မှုများက တောက်လျှောက်ပြင်းထန်နေခဲ့ရာ ယခုရွေးကောက်ပွဲမတိုင်မီ ထရမ့်လုပ်ကြံခံရမှုနှင့်အတူ ဆိုးဆိုးရွားရွားအဖြစ်အပျက်များ၊ ခါးသီးနာကြည်းမှုများ ထင်ဟပ်နေသည့် အမေရိကန်နိုင်ငံရေးနှင့် ထရမ့်၏ ပြည်တွင်းပြည်ပမူဝါဒရပ်တည်ချက်များကား တစ်ကမ္ဘာလုံးကို စိတ်ဝင်စားဖွယ်ရာဖြစ်စေခဲ့သည်။
Feb 05, 2025

ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့ဟု နေ့ထူးနေ့မြတ်သတ်မှတ် ကျင်းပရခြင်း၏ အကြောင်းခံကပင် ထင်ရှားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပန်းဝင်ခါနီးအချိန် တောင်တန်း-ပြည်မ မခွဲခြားဘဲ ဗြိတိသျှလက်အောက်ခံဘဝမှ လွတ်လပ်ရေးအောင်ပန်းကို တစ်စိတ်တစ်ဝမ်းတည်း အတူတူအရယူမည်ဟု ကြွေးကြော်လက်ခမောင်းခတ်သည့်နေ့။ ပင်လုံမြေကို သက်သေပြု၍ အတူတကွဟူသည့် ပြည်ထောင်စုစိတ်ဓာတ်ကို စာချုပ်ပေါ် ကမ္ပည်းတင်လက်မှတ်ထိုးကြသည့်နေ့။ ထို့ကြောင့်ပင် ပြည်ထောင်စုနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးနှင့် သက်ဆိုင်သည့် သွေးစည်းညီညွတ်မှုကို ပြသသည့် နေ့တစ်နေ့ဖြစ်ပါသည်။
Feb 04, 2025

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Feb 04, 2025

နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုရဲ့တိုးတက်မှု၊ ဖွံ့ဖြိုးမှုဟာထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်အင်အားနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒီအချက်ကို အားလုံးကသိပြီးဖြစ်လို့ အငြင်းပွားစရာမရှိပါ။
Feb 04, 2025

လတ်တလော ကမ္ဘာ့နည်းပညာလောကမှာတော့ တရုတ်ရဲ့စမ်းသပ်ထုတ်လုပ်လိုက်တဲ့ချက်ဘော့ DeepSeek အေအိုင်(ဉာဏ်ရည်တုနည်းပညာ)ကြောင့် ပွက်လောရိုက်သွားခဲ့ပါတယ်။ DeepSeek ဟာ အက်ပဲလ်ရဲ့ အကျော်ကြားဆုံးသော အခမဲ့ရချက်ဘော့အေအိုင်အက်ပလီကေးရှင်းတွေကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနဲ့တရုတ်မှာ လူကြိုက်ပိုများလာတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ DeepSeek အေအိုင်စထွက်လာတဲ့ ဇန်နဝါရီလအစောပိုင်းကတည်းက ဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ဒ်လုပ်တဲ့သူတွေဟာ တစ်နေ့တခြား တစ်ဟုန်ထိုးများလာခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်လုပ် ChatGPT အေအိုင်ကိုတောင် ကျော်တက်သွားခဲ့ပါပြီ။
Feb 04, 2025

မြန်မာနိုင်ငံသည် ရေသယံဇာတပေါကြွယ်ဝပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကို ကျယ်ပြန့်သော မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများဖြင့် လွှမ်းမိုးထားသည့်အပြင် နိုင်ငံ၏ ပြည်သူအများစုသည်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ဆက်စပ်၍ အသက်မွေးဝမ်းကျောင်းပြုနေသူများ ဖြစ်ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ” ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။