၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင်၌ ကျင်းပသည်။
Apr 18, 2026
နိုင်ငံတော်သမ္မတရုံး နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးတော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။
Apr 18, 2026
ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး ဝေဟင်မှပရိတ်ရေများ ပက်ဖျန်းပေးကြသည်။
Apr 18, 2026
မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလသည် ဒီမိုကရေစီကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သည့်ကာလဖြစ်ပြီး ယခုငါးနှစ်တာကာလသည် ဒီမိုကရေစီစနစ်ကို စတင်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့်ကာလဖြစ်သည်။ ဒီမိုကရေစီမျက်နှာစာသစ် တစ်နည်းအားဖြင့်ဆိုလျှင် ဒုတိယစာမျက်နှာသစ်ကိုရေးဆွဲကြဖို့ အစပြုနေသောကာလဖြစ်သည်။
Apr 17, 2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ကုသိုလ်ပြုဆောင်ရွက်ကြသည်။
Apr 17, 2026
အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၄၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၇၉ ဦး၊ စုစုပေါင်း ၄၅၁၄ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Apr 17, 2026
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Apr 17, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
နောက်ဆုံးရသတင်းများ
Apr 18, 2026Latest News
၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင်၌ ကျင်းပသည်။
Apr 18, 2026Latest News
နိုင်ငံတော်သမ္မတရုံး နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးတော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။
Apr 18, 2026Latest News
ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး ဝေဟင်မှပရိ
Apr 18, 2026Latest News
မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလသည် ဒီမိုကရေစီကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သည့်ကာလဖြစ
Apr 17, 2026Latest News
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော
ဆောင်းပါးကဏ္ဍ
,
,
,
,
,
Apr 17, 2026ယနေ့ ကမ္ဘာ့မြို့ကြီးများကို Cyber City ၊ Smart City နှင့် AI City များအဖြစ် နည်းပညာအဆင့်မြှင့်တင်တည်ထောင်လာမှုများ၊ ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို လျှော့ချတိုက်ဖျက်နိုင်ရေး၊ ၂၀၅၀ ပြည့်နှစ် ကာဗွန်ကင်းစင်ရေး၊ ကမ္ဘာ့ပန်းတိုင်အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ ရုပ်ကြွင်းလောင်စာများအား မဟာဗျူဟာမြောက်လျှော့ချသုံးစွဲလာမှုများ၊ တစ်ဖန်ကမ္ဘာ့စွမ်းအင် အကျပ်အတည်းနှင့် နှစ်သက်တမ်းကန့်သတ်ချက်ရှိသော ရုပ်ကြွင်းလောင်စာများ လျော့နည်းရှားပါးလာမှုတို့ကြောင့် အစိမ်းရောင်စွမ်းအင်သုံး လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာရေပန်းစားလာပါ၏။ ကမ္ဘာ့ EV နည်းပညာဖွံ့ဖြိုးမှုအရွေ့များ အံ့မခန်းမြန်ဆန်လာကာ ဈေးကွက်ယှဉ်ပြိုင်မှုစစ်ပွဲများပြင်းထန်လာပြီး EV ရောင်းချရမှု ရာခိုင်နှုန်းများ သိသာစွာမြင့်တက်လာပါသည်။
Apr 16, 2026နိုင်ငံတော်အစိုးရအဆက်ဆက်က ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ စရိတ်သက်သာစွာနှင့် အဆင်ပြေစေရန်အတွက် နိုင်ငံအနှံ့ရထားလမ်းများ ဖောက်လုပ်ကာ ခေတ်မီရထား စက်ခေါင်းများ၊ လူစီးတွဲများ၊ ကုန်တွဲများဖြင့် ပြေးဆွဲပေးလျက်ရှိပါသည်။ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့က Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် ၁၆၁ မိုင်ကို AO 1 ရေနွေးငွေ့ စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့မီးရထား (MR - မမ) သည် အရှေ့တောင်အာရှ၌ အစောဆုံးစတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
Apr 16, 2026မြန်မာပြက္ခဒိန်၏ ၁၂ လတွင် တန်ခူးလသည် နှစ်သစ်၏ ပထမဆုံးလဖြစ်ပြီး မြန်မာတို့၏ နှစ်သစ်ကူးကာလလည်းဖြစ်သည်။ တန်ခူးသည်တာကူးဆိုသည့် ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး တာဆိုသည်မှာ အချိန်ရာသီ။ ကူးဆိုသည်မှာကူးပြောင်းခြင်းအနက်ရှိသည်။ တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ကူးပြောင်းသည်ကို အကြောင်းပြု၍ တာကူးမှ တန်ခူးဟု ကာလရွေ့လျောခေါ်ဆိုလာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။ ဤကာလသည် ထန်းသီးများခူးဆွတ်သည့် ရာသီဖြစ်၍ ထန်းခူးလမှတန်ခူးလဟု ပြောင်းလဲခဲ့သည်ဟုလည်း ဆိုကြသည်။
Apr 14, 2026ပူပြင်းလှသော နွေအပူရှိန်အောက်တွင် မြန်မာတို့၏စိတ်နှလုံးကိုအေးမြစေသည့် တန်ခူးလအခါသမယသည် မြန်မာ့ဆယ့်နှစ်လရာသီ၏ အစဦးဖြစ်သကဲ့သို့ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ကာ နှစ်သစ်သို့ကူးပြောင်းသည့် မင်္ဂလာရှိသော အချိန်ကာလလည်း ဖြစ်ပါသည်။ တန်ခူးလ၏ ထူးခြားချက်မှာ သဘာဝတရား၏ အလှတရားများဖြစ်သော ပိတောက်ရွှေဝါတို့ ဖူးပွင့်ဝေဆာခြင်းနှင့်အတူ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ ကြီးမားလှသည့် မဟာသင်္ကြန်ပွဲတော်ကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပခြင်းပင်ဖြစ်သည်။
Apr 13, 2026မြန်မာနိုင်ငံ၌ ရှေးပဝေသဏီကပင် စိုက်ပျိုးရေးကိုအခြေခံပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နေသည့်အားလျော်စွာ “စိုက်ပျိုးရေးက နိုင်ငံ၏အသက်သွေးကြော”ဟုဆိုလျှင် မမှားနိုင်ပေ။ ခေတ်အဆက်ဆက်ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းတွင် နိုင်ငံ၏ ရေမြေတောတောင် သယံဇာတများကို ထိရောက်စွာအသုံးချလျက် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် စားရေရိက္ခာဖူလုံမှုကို ခိုင်မာစေသည့် အဓိကသော့ချက်ဖြစ်သည်။
Apr 13, 2026‘သင်္ကြန်’ဟူသည် သက္ကတဘာသာ ‘သင်္ကရန္တိ’မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပာယ်ရသည်။ သက္ကရာဇ် ဦးခေါင်းပြောင်းခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်း၊ တနင်္ဂနွေဂြိုဟ်(နေမင်း) မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်းခြင်း စသည်ဖြင့် သင်္ကြန်၏အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။
