Apr 27, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ဒေသတစ်ဝိုက်နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
Apr 27, 2026
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
Apr 27, 2026
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ “နယ်စပ်ဖြတ်ကျော် အလုပ်သမား ရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ”ကို ဖိလစ်ပိုင်နိုင်ငံ မက်ထရို မနီလာမြို့၌ ဧပြီ ၂၄ ရက်တွင် ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
Apr 27, 2026
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတ(သွားနှင့်ခံတွင်း အထူးကုဆေးရုံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 27, 2026
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဝန်ကြီးဌာနမှ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့်အတူ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေအတွင်း ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 27, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဧရိယာရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Operate-Transfer, BOT)စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည့် ခေတ်မီသိုလှောင်ရုံစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Apr 27, 2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကိုအခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်းကောင်း ဧပြီ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ပျံသန်းပြေးဆွဲလျက်ရှိသည်။
Apr 27, 2026
ကော့သောင်းခရိုင်ရှိ မကြုံဂလက်၊ ညောင်ဝှီး၊ ဂျအုံး၊ ဂျလန်း၊ ဇာဒက်ကြီးကျွန်းတို့တွင် နေထိုင်ကြသည့် ဆလုံတိုင်းရင်းသားများသည် ရိုးရာလုပ်ငန်းဖြစ်သည့် မိသားစုလိုက် ပင်လယ်ပြင်ကင်းမွန်မျှားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြသည်။
Apr 27, 2026
နေပြည်တော်ကောင်စီဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် Naypyitaw State Academy ရှေ့မျက်နှာစာ၊ ဝဏ္ဏသိဒ္ဓိအဝိုင်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာပန်းခြံများ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြေယာရှုခင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 27, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Apr 27, 2026
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် Smart School နှင့် Football For School Program ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးသည်။
Apr 27, 2026
မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်နိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
Apr 27, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် ၃၆၆/၃ မှ ၃၆၁/၃ အကြားရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ကွန်ကရစ်လမ်းများ ပြန်လည်ပြုပြင်ပြီးစီး၍ ကတ္တရာကွန်ကရစ်(AC)ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေ မှုအခြေအနေ၊ လမ်းဝဲ/ယာမြေ သားအမာခံရရှိရေး ဆောင်ရွက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
Apr 27, 2026
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုင်းဦးစီးမှူးရုံး စုပေါင်းခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဦးစီးဌာနများမှ ဝန်ထမ်းများတက်ရောက်ကြသည်။
Apr 27, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဆိုသည့်အတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2026
နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်မှုနှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ မရှိမဖြစ်အရေးပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှလျှပ်စစ်ဓာတ်အား စက်တပ်ဆင်မှုပမာဏသည် ထိုနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံသားတို့၏ လူနေမှုဘဝအဆင့်အတန်းကို ခန့်မှန်းနိုင်သည့် အညွှန်းကိန်းလည်းဖြစ်သည်။
Apr 26, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်သပြေတစ်ထောင်ကျောင်းတိုက်၌ ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ဝန်းအတွင်း၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Apr 26, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
Apr 26, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 26, 2026
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်း သယ်ယူပို့ဆောင်လျက်ရှိသော ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သောကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရပါသည်။
