Jan 24, 2026
ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော်၌ ကျင်းပသည်။
Jan 24, 2026
ဆရာ ဆရာမများ၏ သင်ကြားမှုနှင့် သုတေသနအရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ‘သင်ကြားရေးတွင် AI ကို အသုံးချနည်းများ’ (Presentation on AI in Education) ခေါင်းစဉ်ဖြင့် ဆရာဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy Conference Room ခန်းမသစ်၌ ကျင်းပသည်။
Jan 24, 2026
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့်ရှိသည်။
Jan 24, 2026
ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 24, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီ (Belarusian Party Belaya Rus) ဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။
Jan 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
Jan 24, 2026
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
Jan 24, 2026
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ သဘောထားထုတ်ပြန်ချက်
Jan 24, 2026
ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီး၏ သဘောထားကြေညာချက်
Jan 24, 2026
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ထားရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီများကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ပေးလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းနှင့် စစ်တွေမြို့ ခေါင်းဒုက္ကာ (ဘင်္ဂါလီ) ကျေးရွာနေ ဒေါ်သီတာမြင့် (ခေါ်) ဂျူနီလာတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
Jan 24, 2026
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) အပိုင်း(၂) (Diploma in International Financial Reporting Standards - Dip IFRS) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Jan 24, 2026
(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်အဖြစ် ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်၍ ပြိုင်ပွဲဝင်အားကစားသမားများကို အားပေးဂုဏ်ပြုသည်။
Jan 24, 2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 24, 2026
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းစတင်ခြင်းနှင့် ပုစွန်မွေးမြူသည့်အဖွဲ့အစည်းများ၊ ဆက်စပ်လုပ်ငန်းဌာနများပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jan 24, 2026
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ၃၃ ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ စာမေးပွဲကြီးတွင် အရှင်ဝိစိတ္တသာရ၊ သက်တော်(၅၁)နှစ်၊ သိက္ခာတော်(၃၁)ဝါ၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက တိပိဋကဓရတိပိဋကကောဝိဒ(၁၈)ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့သည်။
Jan 24, 2026
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို (၁) ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး။ (၂) ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံးချီးမြှောက်ရေး။ (၃) သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူးဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
Jan 23, 2026
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jan 23, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 23, 2026
ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။
Jan 23, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
