Nov 23, 2025
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့်ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးဦးဇေယျာလင်းတို့ ပါဝင်တက်ရောက်ခဲ့သည်။
Nov 23, 2025
အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ်ပြည်နယ် ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA)တွင် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိဖွင့်လှစ်မည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် သတ္တမအကြိမ် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား ၄၀ သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
Nov 23, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အကြားအာရုံမသန် စွမ်းသောကလေးများအတွက် ဖွင့်လှစ်ထားသည့် နားမကြားသောကလေးများ ကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Nov 23, 2025
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) နေပြည်တော်၌ ကျင်းပသည်။
Nov 23, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ အထက်မြန်မာပြည်ရှိ MSME များမှ ထုတ်လုပ်သော စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများ၊ စားသုံးဆီများကို စမ်းသပ်စစ်ဆေးပေးနိုင်ရေး ဓာတ်ခွဲခန်းဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် စားသောက်ကုန်များ စမ်းသပ်စစ်ဆေးနေမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရန်စီမံထားရှိမှု၊ ပြင်ဦးလွင်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Nov 23, 2025
မိတ္ထီလာမြို့နယ် ဓမ္မပါလကျေးရွာ ဘဝသစ်မျက်မမြင် ပညာသင်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသ ကြီးတာဝန်ခံ) ဦးသန်းအောင်ကျော် တက်ရောက်ကြည့်ရှုအားပေးသည်။
Nov 23, 2025
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့မွန်းလွဲပိုင်းတွင် ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)၌ ကျင်းပသည်။
Nov 23, 2025
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ Hybridစနစ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံ လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၅)သို့ တက်ရောက်သည်။
Nov 23, 2025
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံဟနွိုင်းမြို့၌ ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့တက်ရောက်ရန် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Nov 23, 2025
နေပြည်တော် - မန္တလေးရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုပြီး လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဘူတာကြီး အမှတ်(၁)စင်္ကြံ ၌ ကျင်းပသည်။
Nov 23, 2025
ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အလေးထားထိန်းသိမ်းစောင့်ရှောက်နေကြသည်ကို တွေ့ရမည်။ မျက်မှောက်ကမ္ဘာကြီး၏ ပြောင်းလဲလာသောအခြေအနေများအရ နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ခိုင်မာအားကောင်းအောင် တည်ဆောက်ထားကြရမည်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားသည် သက်ဆိုင်ရာတိုင်းပြည်နိုင်ငံအတွက် အသက်သွေးကြောဖြစ်သည်။ အမျိုးသားအကျိုးစီးပွား တောင့်တင်းခိုင်မာမှ ရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံအဖြစ် မော်ကြွားစွာရပ်တည်နိုင်မည်ဖြစ်သည်။
Nov 23, 2025
ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများအကြမ်းဖက်ခံနေရမှုများ ရှိနေခြင်းကို ဂရုပြုကြစေရေးအတွက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၅ ရက်မှစ၍ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကြာ လှုပ်ရှားမှုကိုလည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် ၁၉၉၁ ခ
Nov 22, 2025
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အထူးအလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ Online လိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK_Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နယ်မြေခံတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် တရားမဝင်ပြည်ပနိုင်ငံသားများ အခြေချနေထိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများကို စနစ်တကျ ဖြိုချဖျက်ဆီးခြင်းနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လောင်းကစားမှု၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကိုလည်းထပ်မံ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
Nov 22, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 22, 2025
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးဆောင်ရွက်ရန်အတွက် ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 22, 2025
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄) ရဲသူရတပ်ခွဲ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်း၌ ကျင်းပသည်။
Nov 22, 2025
စားကုန်သောက်ကုန်ကို အခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22, 2025
ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ သစ်တောကျောင်း (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၈) ကျောင်းဆင်းစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
Nov 22, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Nov 22, 2025
တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်ရေး ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
