Oct 21, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် အမျိုးသမီးငယ်များအတွက် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင် လည်း ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြ သည်။
Oct 21, 2020
“DAB + Digital Radio Technology Implementation and Roll out” ခေါင်းစဉ်ဖြင့် Online Webinar ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။
Oct 21, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ကာတွန်းပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သာယာလှပမှုများ၊ အေးချမ်း ပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ် အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။
Oct 21, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို ပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ် ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာသင်ကြားနိုင်သည့်
Oct 21, 2020
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် ဇူလိုင်လမှစ၍ “ရန်ကုန်တက္ကသိုလ် ပြင်ဆင်ချက် ဥပဒေ (၁၉၄၉) University of Rangoon (Temporary Amend-ment Act (1949)" အရ ရန်ကုန်တက္ကသိုလ်ကို စနစ်တကျ ပြန်လည်တည်ထောင်နိုင်ခဲ့ပါသည်။ သို့ဖြင့် လွတ်လပ်ရေးခေတ် ရန်ကုန်တက္ကသိုလ်သည် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်ကဲ့သို့ သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝကာလသည် ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ၁၆ နှစ်ကြာကာလ ဖြစ်ပါသည်။
Oct 21, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြည်ပ၌ အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသားများ အား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Oct 21, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 21, 2020
“နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားမှုတွေ၊ ရောဂါ ကျရောက်မှုတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးရဲ့ ဒုက္ခ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်”ဟု UEHRD ကော်မတီ၏ သုံးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား ခဲ့သည်။
Oct 21, 2020
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၅၃ ခုနှစ်တွင် အောက်မြန်မာ နိုင်ငံတစ်ခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သွားခဲ့သည်။ ထိုအခါ ကိုလိုနီအစိုးရ၏အလုပ်နှင့် ဥရောပတိုက်သားတို့နှင့် ဆက်ဆံ လုပ်ကိုင်ရမည့် အလုပ်များအတွက် အင်္ဂလိပ်စာတတ်သူများ လိုအပ် လာသည်။
Oct 20, 2020
“Brimming with opportunities” Prospects in Myanmar for HK Investors Webinar ကို ယနေ့မွန်းလွဲပိုင်းက Myanmar Hong Kong Chamber of Commerce and Industry က စီစဉ်ကျင်းပသည်။
Oct 20, 2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ “၀” အထူးဒေသ(၂) က ငြိမ်းချမ်းရေးကော်မရှင်သို့ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀၀ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) တွင်ကျင်းပသည်။
Oct 20, 2020
နိုင်ငံပြင်ပသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၁၉ ရက်နေ့က မဲရုံဖွင့်လှစ်ဆောင်ရွက် ခဲ့ရာ မဲဆန္ဒရှင် (၃)ဦး ကြိုတင်မဲပေးခဲ့ကြကြောင်း သိရသည်။
Oct 20, 2020
အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ” ရေးဆွဲဆောင်ရွက် နိုင်ရေး အတွက် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရေး ဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Online မှ Virtual Format စနစ်ဖြင့် ကျင်းပ သည်။
Oct 20, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့်သတင်းများ ထုတ်ပြန်သည့်အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည်။
Oct 20, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့သည်။
Oct 20, 2020
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံကို ဖော်ထုတ်ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Oct 20, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတွင် နောင်ချိုမြို့နယ်၊ မူဆယ်မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကိုမင်းနှင့် ဖိုးစုမောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၀၀ နှင့် ငွေကျပ် ၁၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Oct 20, 2020
စာရေးသူ ရဲမြင့် မြန်မာ့အလင်းအယ်ဒီတာချုပ်(ငြိမ်း) ရေးသားပြုစုသည့် “သတင်းသမားတစ်ဦး၏ ဘဝပုံရိပ်လွှာ" စာအုပ် ထွက်ရှိလာသည်။
“အကြမ်းဖက်မှု ကင်းစင်သော အနာဂတ်နေ့ရက်များဆီသို့” ပထမဆုံးအကြိမ် ရုပ်သံဇာတ်လမ်း တိုပြိုင်ပွဲ ကျင်းပမည်
Oct 20, 2020
မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်စဉ်ကျင်းပလျက်ရှိသော “ကျား၊မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု” အစီအစဉ်အား ယခု ၂၀၂၀ ပြည့်နှစ်တွင် ရုပ်သံပြိုင်ပွဲအစီအစဉ် ပထမအကြိမ်အဖြစ် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Oct 20, 2020
သမဝါယမဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
