Mar 24, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာမှအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်း ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့-မယ်ထော် သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ် နိုင်ငံသား ၁၆၀ ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Mar 24, 2025
မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၂ /၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Mar 24, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းထက်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 24, 2025
နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီး စစ်ရေးပြတပ်ခွဲတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအားသွားရောက်ဖူးမြော် ကြည်ညိုကြသည်။
Mar 24, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ ရောက်ရှိစစ်ဆေးသည်။
Mar 24, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာသို့ သွားရောက်၍ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၌ ပီလောပီနံများရေဆေးသန့်စင်ကြိတ်ခွဲခြင်း၊ အခြောက်လှန်းခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
Mar 24, 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးသည်။
Mar 24, 2025
မတ် ၂၁ ရက်က နေပြည်တော်၌ကျင်းပသော “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အီတလီနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများသည် ယနေ့တွင် ရန်ကုန်မြို့မှ သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြသည်။
Mar 24, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Mar 24, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။