Mar 10, 2020
နေပြည်တော် မတ် ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် သည် ယမန်နေ့ နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 09, 2020
နေပြည်တော် မတ် ၁၀
မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ပြုစုရေးဆွဲရေး ဆိုင်ရာ ဆက်စပ် ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
Mar 09, 2020
ဖလမ်း မတ် ၁၀
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဖလမ်းမြို့နယ်၊ ရာလ်လောန်ကျေးရွာနှင့် ဆွမ်ဟရန်း ကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြသည်။
Mar 09, 2020
နေပြည်တော် မတ် ၁၀
Mar 09, 2020
ရန်ကုန် မတ် ၉
Mar 09, 2020
ရန်ကုန် မတ် ၉
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် ၉ ရပ်ကွက် (၃၁)လမ်းနှင့် (၃၂) လမ်းကြား (အောက်ဘလောက်) အမျိုးသား စာကြည့်တိုက်၏ အနောက်ဘက်တွင် ဒို့အိမ်လူမှုအကျိုးပြု လုပ်ငန်း၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့် လှစ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
Mar 09, 2020
ရန်ကုန် မတ် ၉
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံ လုံးမှ အခြေခံကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြ မည့် အပြင် ကျောင်းသား ကျောင်းသူများ အပါအဝင် စာရင်းသွင်းအင်အား စုစုပေါင်း ၉၇၀၀၀၀ကျော်ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
Mar 09, 2020
ရန်ကုန် မတ် ၉
အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း ကျဆင်းမှုနှင့် အတူ ပြည်တွင်းရွှေဈေးလိုက်ပါ ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်း ရေးမှူး ဦးအုန်းမြိုင်က ယနေ့ ပြောကြားသည်။
ဆက်လက်ကျဆင်း လက်ရှိ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက်မှစ၍ ငွေကျပ် ၁၅၀၀ အောက်သို့ ကျဆင်းလာခဲ့ပြီးမတ်၉ရက်တွင် တစ်ဒေါ်လာငွေ ကျပ် ၃၅၀အထိ ဆက်လက် ကျဆင်းခဲ့သည်။
Mar 09, 2020
စေတနာ့ဝန်ထမ်းဆိုသည်မှာ အခကြေးငွေ၊ အကျိုးအမြတ် တစ်စုံတစ်ရာမျှ မယူဘဲ တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အနစ်နာ ခံ၍ အချိန်ပေးဆောင်ရွက်နိုင်သူကို ခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ကောင်းမြတ်သောစေတနာဖြင့် အမှုကိစ္စဝန်တစ်ခုကို အခမဲ့ထမ်းဆောင်ခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာတွင် Volunteer အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
Mar 09, 2020
ရန်ကုန် မတ် ၉
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လူကုန်ကူးခံရမှုပေါင်း ၁၅ မှုနှင့် ဖေဖော်ဝါရီလ တွင် လူကုန်ကူးခံရမှု ခုနစ်မှုရှိခဲ့ပြီး အမျိုးသမီးနှင့် ကလေးများမှာ အများဆုံး လူကုန်ကူးခံနေရကြောင်း၊ အဓမ္မလက်ထပ်စေခိုင်းမှုမှာ အများဆုံးဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။