Mar 09, 2020
မန္တလေး မတ် ၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌ အကျဉ်းကျလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၆၉ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းနှင့် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများတွင် ဝိဇ္ဇာ ဘာသာတွဲ ဖြေဆိုမည့်သူ ၅၉ ဦး၊ သိပ္ပံဘာသာတွဲ ဖြေဆိုမည့်သူ ငါးဦးနှင့် ဝိပ္ပံဘာသာတွဲ ဖြေဆိုမည့်သူ ငါးဦး ပါဝင်ကြောင်းသိရသည်။
Mar 09, 2020
ရန်ကုန် မတ် ၈
မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှင့် မြန်မာ့တိုင်းရင်းဆေးထုတ်လုပ် ရေးလုပ်ငန်းရှင်များ စုပေါင်းပြုလုပ် သည့် ဆဋ္ဌမအကြိမ် တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ပန်ဒါ ဟိုတယ်၌ ကျင်းပရာ တိုင်းရင်းဆေး သမားတော်ကြီးများ၊ တိုင်းဒေသကြီး အဆင့် တိုင်းရင်းဆေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းရင်းဆေးပညာ ရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများ တက်ရောက်ကြသည်။
Mar 09, 2020
စေတုတ္တရာ မတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ပြင်သစ်နိုင်ငံသား အလှူရှင် MICHEL Family (French)မှ လှူဒါန်းသော ရေရရှိရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအုပ်စု ကျောက်ပုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Mar 08, 2020
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်)တွင် “အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်” အမည်ရှိ ခေါင်းစဉ်ဖြင့် ဖန်တီးပုံဖော်ထား သည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဖွင့်လှစ်လိုက်ရာ ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားဥယျာဉ် စုစုပေါင်း ၁၁ ခု ရှိလာပြီဖြစ်သည်။ ယင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဒို့အိမ်အဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူ များနှင့် အလှူရှင်တို့၏ပူးပေါင်းအကောင် အထည် ဖော်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များပင်ဖြစ်သည်။
Mar 08, 2020
ရန်ကုန် မတ် ၈
ငွေကြေးလဲလှယ်နှုန်းကျဆင်းနေခြင်းနှင့်အတိုးနှုန်းထား မြင့်တက်နေခြင်းတို့ကို ဗဟိုဘဏ်အနေဖြင့် ဝင်ရောက် ထိန်းကျောင်းပေး ရန် လုပ်ငန်းရှင်များက အဆိုပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြော သည်။
အခက်အခဲများ ကြုံတွေ့နေရ
Mar 08, 2020
နေပြည်တော် မတ် ၈
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြ လေသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ် ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများ ပေါ်ထွက် လာခြင်းဖြင့် တင့်တယ် သာယာ လှပေသည်။ “တပေါင်းသာခေါင်လများနောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ရှိပြီး မြန်မာ နိုင်ငံအနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။
Mar 08, 2020
သထုံ မတ် ၈
၂၀၂၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၈ ရက်၊ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ပြည်နယ်အဆင့် အနေဖြင့် စည်ကားစွာကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ တက်ရောက်ခဲ့ကြသည်။
Mar 08, 2020
မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီး ဖြတ်သန်းခဲ့သောကာလ တစ်လျှောက်အတွင်း နိုင်ငံနှင့် လူမျိုးအတွက်ထင်ရှားသော သမိုင်းမော်ကွန်း များ၊ မှတ်တိုင်များ ရေးထိုးစိုက်ထူနိုင်ခဲ့သည်။ ဗြိတိသျှ အစိုးရ သည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကိုပြဋ္ဌာန်းပြီး တက္ကသိုလ်နယ်မြေအဖြစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်သတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀၀) ပြည့် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။
Mar 08, 2020
နေပြည်တော် မတ် ၈
၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များဆက်ကပ်ပူဇော်ကြသည်။