Jan 28, 2020
မင်းဘူး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ၂၅၈၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့်ရေနံ ဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ကျင်းပသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် BBC Media Action မှ တာဝန်ရှိသူ များအား၊ ယနေ့ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် BBC Media Action ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 28, 2020
ဘားအံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။